6.18.5

3.6K 411 40
                                        

Unicode

"ပွတ်သပ်မနေနဲ့!"

"ဘာလို့လဲ? မင်းက စာရွက်စာတမ်းကိုပဲ ကြည့်နေပြီး ကိုယ့်အပေါ် အာရုံမရှိဘူးလေ"

"ဟင့်အင်း၊ ကျွန်တော် ရူးသွပ်နေတုန်းပဲ။ ရှုဂျင်းက ကန့်သတ်ချက်‌ေတွ မရှိဘူး"

"အဲ့ဒါကြောင့် ကိုယ့်ကို ချစ်နေတာ မဟုတ်ဘူးလား?"

ရုံးခန်းအတွင်းမှာ လူငယ်တစ်ယောက်ရဲ့ အသံနဲ့ ဩရှသည့် လူတစ်ယောက်တို့ရဲ့ တစ်ယောက်နဲ့ တစ်ယောက် စနောက်နေကြသံကို ကြား‌ေနရသည်။ သူတို့အသံ‌ေတွက ထပ်နေကြပေမဲ့ အခန်းထဲရှိ လေထုမှာ နူးညံ့နေသည်။

ဆယ်နှစ်ကြာပြီးနောက် ကမ္ဘာရဲ့ကိစ္စရပ်များသည် တဖြည်းဖြည်း ငြိမ်းချမ်းလာခဲ့သည်။ အာချင်းရဲ့ ဥက္ကဌ ပိုင်ကျန်းစု၊ ဟန်တာတွေရဲ့ ခေါင်းဆောင် ချီဝူ‌ေလာ့ နဲ့ဗန်ပိုင်းယား ဆက်ခံသူ ‌ဝမ်ဇူဟေး တို့ရဲ့ အကူအညီတွေဖြင့် တည်ရှိနိုင်မည့် အစီအစဉ်ကို ပြုလုပ်ခဲ့ကြသည်။

အစပိုင်း နှစ်အနည်းငယ်က လူသားတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတူရှင်သန်နေရန် အခြေအနေက ခက်‌ခဲသော်လည်း နှစ်အနည်းငယ် ကြာပြီးနောက်တွင် လူတိုင်းက သူတို့ရဲ့ အတားအဆီးတွေကို လျှော့ချခဲ့ကြသည်။ အခု‌ေတာ့ အာချင်းတွင် ဗန်ပိုင်းယားအများဆံုး နိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွားလာခဲ့သည်။ တစ်ခါတစ်ရံတွင် ပြဿနာသေးသေးလေးများ ရှိနေသေးသော်လည်း ထိုအရာတွေက မပြင်ဆင်နိုင်သည့် အရာတစ်ခုဖြစ်သည်။

လူသားများထက် သာလွန်ကောင်းမွန်သည့် ဗန်ပိုင်းယားတွေက မာန်မာနထောင်လွှားစပြုလာကြသည်။ ထိုဗန်ပိုင်းယား‌ေတွက စစ်တပ်၊ ရဲတပ်ဖွဲ့များနှင့် အခြား‌ေနရာများသို့ လျင်မြန်စွာ ဝင်ရောက်ခဲ့ကြသည်။ သူတို့ခွန်အားဟာ လူတစ်ယောက်ထက် အများကြီး မြင့်မားတဲ့အတွက် လူတစ်ယောက်ကို သတ်ပစ်နိုင်သည့် သာမန်အရာတွေကို ခုခံတွန်းလှန်နိုင်ခဲ့သည်။

ငါးနှစ်တာ အစီအစဉ်တွင်၊ ဗန်ပိုင်းယား အရှင်သခင် ချန်းရှုဂျင်း ကရာထူးမှ ဆင်စခဲ့ပြီး သူ့ချစ်သူဖြစ်သည့် လူသားနှင့် ဗန်ပိုင်းယား‌ေတွအကြားက ပြဿနာတွေကို ဖြေရှင်းခဲ့သည့် ဝမ်ဇူဟေး အားလွှဲပြောင်းပေးခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Où les histoires vivent. Découvrez maintenant