Zawgyi
ဗစ်တာ က မာ့ခ် တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေတာကို ကြည့်ပြီး အရှေ့မှာ ရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်က တင်းမာမနေပဲ သူ့နှုတ်ခမ်းတွင် အပြုံးကိုတောင် ပြုံးထားလေသည်။ မာ့ခ် ဘာကိုလုပ်မလဲဆိုတာ သူတကယ်ပဲ စိတ်ဝင်စားသည်။ မာ့ခ် က ဗစ်တာ ရဲ့မျက်နှာမှ အပြုံးကို တွေ့ပြီး သူ့နှလုံးသားတွေ လှုပ်ခါလာတာကို ထိန်းမထားနိုင်ပေ။
အသက်ပြင်းပြင်း ရှူလိုက်ပြီး ဗစ်တာ ဆီကို ဝင်လိုက်သည်။ လေထုက စူးရှသွားတာကို ဗစ်တာ ခံစားနိုင်သည်။ မာ့ခ် ရောက်လာသည်အထိ သူ့မျက်လုံးတွေက စိုက်ကြည့်နေဆဲဖြစ်ပြီး ဗိုက်ကို ထိုးလိုက်သည်။ တားလိုက်တာကြောင့် ဗစ်တာ က မာ့ခ် ရဲ့ခြေထောက်တွေကို ကန်ပြီး ထိရောက်ဖို့ ရည်ရွယ်လိုက်သည်။
မာ့ခ် က ဗစ်တာ ရဲ့ကန်ချက်ကို လျင်လျင်မြန်မြန် ရှောင်လိုက်ပြီး ဗစ်တာ ရဲ့ကျောဘက်ကို ရောက်သွားကာ သူ့လက်တွေက မျက်လုံးတွေထက် လျင်မြန်စွာပဲ ဗစ်တာ ရဲ့ပုခုံးကို ဆုပ်ကိုင်လိုက်သည်။ ဗစ်တာ က မာ့ခ် သူ့ကို ဖမ်းမိဖို့ ခွင့်ပြုလိုက်သည်။ မာ့ခ် ကသူ့လက်ကို လွှတ်လိုက်သည်နှင့် သူ့လက်နဲ့ မာ့ခ် ရဲ့လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး တင်းတင်ကြပ်ကြပ် ကိုင်လိုက်သည်။
မာ့ခ် ရဲ့လက်ကို ပင့်လိုက်ကာ လှည့်ချလိုက်ပြီး မာ့ခ် ဆီကိုပြုံးပြလိုက်သည်။ မျက်လုံးမှိတ်ပြလိုက်ပြီး မာ့ခ် ရဲ့ခန္ဓာကိုယ်က လှဲချဖို့ သူ့အင်အားကို သုံးလိုက်ပြီး သူ့ပုခုံးပေါ်ကနေ မာ့ခ် ကိုကိုင်ပေါက်လိုက်လေသည်။ မာ့ခ် ဗစ်တာ ရဲ့မျက်လုံးမှ ပြောင်းလဲသွားတဲ့ အလင်းတွေကို တွေ့လိုက်နိုင်ပေမဲ့ သူ့အပြုံးတွေက သေစေနိုင်လောက်သည်။
သူ အဲ့ဒါကို ရှောင်နိုင်ပေမဲ့ ဗစ်တာ ကသူ့ကို မျက်လုံးတစ်ချက် မှိတ်ပြပြီး နှောင့်ယှက်လိုက်သည်။ သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ကျသွားချိန်မှာ သူ ထလိုက်ပြီး ဗစ်တာ ရဲ့တုန့်ပြန်မှုကို စိုက်ကြည့်လိုက်သည်။ ပြုံးနေဆဲ ဖြစ်လေသည်။
[အမျိုးသား ဇာတ်လိုက်ရဲ့ ချစ်ခြင်း ရာခိုင်နှုန်း ၄၀% ဖြစ်ပါတယ်]

YOU ARE READING
𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳
Randomအဓိကဇာတ်ကောင်တွေက အမျိုးသားဇာတ်လိုက်တွေနဲ့ ပဲတွေ့ကြတာလား? ကောင်းပြီလေ၊ စာဖတ်သူတွေကတူခဲ့ကြတဲ့ အတွေးတွေကို သဘောတူတာ ငြင်းဆိုကြတာပေါ့။ နောက်ပိုင်းတော့၊ အဓိကဇာတ်ကောင်ကို ဖျက်ဆီးကြရအောင်။ ဒါကြောင့် အဓိကဇာတ်ကောင်ရဲ့ ရွှေခြေထောက်ကြီး ကိုအဝေးကို ယူထုတ်ကြရအေ...