Unicode
ဒါကဘာလဲ? ဖေးချန်းချီ ဘာမှမသိတော့ပေ။ အချိန်တွေက ထပ်ထပ်ဖြစ်နေပြီး သူက လူတိုင်းကို ဆက်ဆုံးရှုံးနေရသည်။ သူဒူးထောက်ချထားရင်း ပြောစရာ စကားမရှိပေ။ သူတကယ်ပဲ ဘာလုပ်ရမှာလဲ? အဲ့လူက အခုတော့ သေသွားခဲ့ပြီလား?
“ဘာကြောင့်လဲ? မင်းသူ့ကို ဘာလုပ်ခဲ့တာလဲ?! ဘာကြောင့် သူ့ကို သတ်နိုင်ရတာလဲ?” ဖေးချန်းချီ ရဲ့အသံက ကွဲအက်နေပြီး မတည်ငြိမ်သည့် အသံဖြစ်နေသည်။ သူ့ခေါင်းကို မော့နေဖို့ ဖိအားပေးထားကာ ပိုင်ချန် ရဲ့မျက်လုံးကို စိုက်ကြည့်လိုက်သည်။
မဟုတ်ဘူး။ သူက ပိုင်ချန် ပဲမဟုတ်ဘူး။ သူက စုပိုင်ချန်၊ စုဖူချန်း နဲ့ ပိုင်စုယု တို့ရဲ့သား။
စုပိုင်ချန် ကမျက်ခုံးကို ကြုတ်လိုက်သည်။ ဖေးချန်းချီ ရဲ့မေးခွန်းဖြင့် တိတ်ဆိတ်စွာ ရပ်နေရင်း ပြန်မဖြေပေ။ သူ့မျက်လုံးထဲတွင် အတိတ်က ခံစားချက်တွေက ဖြတ်ပြေးသွားခဲ့သည်။ “သစ္စာဖောက်ခဲ့လို့ပဲ။ ငါ အသတ်ခံရတဲ့ အကြောင်းပြချက်ကြောင့်ပဲ”
သတ်ခဲ့တာ? ဖေးချန်းချီ ကတိတ်ဆိတ်သွားခဲ့သည်။ စုပိုင်ချန် တွင်ယောင်္ကျားရှိပြီး ထိုလူက သူ့ကို သစ္စာဖောက်ခဲ့ပြီး သတ်ပစ်ဖို့နီးပါး လုပ်ခဲ့သည်။ အဲ့လူက ဘာကိုဆိုလိုတာလဲ?
“မင်း ဘာကိုပြောချင်တာလဲ?”
စုပိုင်ချန် ကလှောင်ပြုံး ပြုံးလိုက်သည်။ “ဆူကျုံအရှင်သခင်၊ ဒီလိုခန်းနားလွန်းတဲ့ ရာထူးကိုတော့ လူတိုင်း သိကြမှာပေါ့။ အဲ့ဒါကို ရဖို့အတွက် သူဘာလုပ်ခဲ့လဲ? သူက ငါ့ကို သစ္စာဖောက်ခဲ့တယ်” သူ့မျက်လုံးတွေက အရောင်လက်သွားခဲ့သည်။ “သူ ငါ့ကို သတ်ခဲ့တယ်၊ ငါ့နှလုံးသားကို ဓားထိုးပြီးတော့ အဲ့ချောက်ကမ်းပါးကနေတောင် တွန်းချခဲ့တယ်။ အားလုံး သူ့ညီအတွက်နဲ့ အဲ့လူက ငါ့ကို အရူးလုပ်ပြီး လိမ်ညာခဲ့တယ်! သူက ငါ့ကို အရူးတစ်ယောက်လို ကစားခဲ့ပြီး လှည့်စားခဲ့တယ်။ အဲ့လူက ငါ့ခံစားချက်တွေကို ကစားခဲ့ပြီး ငါ့ကိုသတ်ဖို့ လူတိုင်းကို ခေါ်ခဲ့တယ်! ငါ့မိဘတွေအတွက် လက်စားချေဖို့ လုပ်ရမယ်။ ဂိုဏ်းခေါင်းဆောင်စု၊ အဲ့လူက ဂိုဏ်းခေါင်းဆောင်ဆိုတဲ့ ရာထူးကို ရဖို့အတွက် ငါ့အဖေနဲ့ အမေကို လိုက်သတ်ခဲ့တယ်၊ ဇူးလုရွှီ၊ သူကတော့ ငါ့ကို သတ်ခဲ့တယ်”
YOU ARE READING
𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳
Randomအဓိကဇာတ်ကောင်တွေက အမျိုးသားဇာတ်လိုက်တွေနဲ့ ပဲတွေ့ကြတာလား? ကောင်းပြီလေ၊ စာဖတ်သူတွေကတူခဲ့ကြတဲ့ အတွေးတွေကို သဘောတူတာ ငြင်းဆိုကြတာပေါ့။ နောက်ပိုင်းတော့၊ အဓိကဇာတ်ကောင်ကို ဖျက်ဆီးကြရအောင်။ ဒါကြောင့် အဓိကဇာတ်ကောင်ရဲ့ ရွှေခြေထောက်ကြီး ကိုအဝေးကို ယူထုတ်ကြရအေ...