7.3

2.6K 357 12
                                        

Unicode

တန်ချင်းရှန် ရဲ့အသံကုိ ကြားလိုက်သည်နှင့် စစ်သားနှစ်ယောက်က အဖြူရောင်တဲကို ဖွင့်လိုက်သည်။

လုဖန်မိန် က လုယင်ရွဲ့ ကိုကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ အထဲကို အရင်ဆုံး ဝင်လိုက်သည်။ သူဝင်လိုက်သည်နှင့် အတွင်းတွင် တခြားသူတစ်ယောက်လဲ ရှိနေတာကို မြင်လိုက်ရသည်။

သူ့မျက်လုံးတွေက လျှို့ဝှက်စွာ လှည့်ပတ်ကြည့်ကာ တန်ချင်းရှန် ကိုရှာဖွေနေခဲ့သည်။ သိပ်မခက်ခဲပဲ သူ့မျက်လုံး နေရာရွေ့လိုက်သည်နှင့် ချက်ချင်းတွေ့လိုက်ပြီး‌ေနာက် အကြည့်လွှဲလိုက်သည်။

တန်ချင်းရှန် သည်ဝင်လာသည့် အမျိုးသားနဲ့ အမျိုးသမီးကို ကြည့်‌လိုက်သည်။ သူတို့နှစ်ယောက်လုံးက ခြုံထည်တွေကို ခြုံထားကြပြီး မျက်နှာတွေကိုလည်း ကွယ်ထားကြ‌ေပမဲ့ တန်ချင်းရှန် သည်တစ်ခုခုကို ခံစားမိနေသည်။ တစ်ခုခု ပိုရှိ‌ေနတယ်။ သူ့ဘေးတွင် အမိန့်ကိုစောင့်‌ကာ ရပ်နေသည့် ဂျန်နန်ကျန်း ကိုကြည့်လိုက်သည်။

"ကျေးဇူးပြုပြီး ထိုင်ပါ" တန်ချင်းရှန် ကဝင်လာသည့် နှစ်ယောက်အား ထိုင်ဖို့ပြောလိုက်ပြီး သူ့ဝတ်ရုံကို ပြင်ကာ ဂျန်နန်ကျန်း ဘေးတွင် ထိုင်လိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ စစ်သူကြီး" လုယင်ရွဲ့ ကပြန်ဖြေလိုက်ရင်း လုဖန်မိန် နဲ့အတူ ထိုင်လိုက်သည်။

လုဖန်မိန် ကစကားဝင်ပြောဖို့ မလိုအပ်အောင် လုယင်ရွဲ့ ကကာကွယ်ပြီးသားပင်။ အခုတော့ သူလုပ်ရမှာက ဒီနေရာကို ဂရုတစိုက်ကြည့်ဖို့ပင်။ တန်ချင်းရှန် အနားရှိလူက သူ့ရဲ့အရင်းနှီးဆုံး သူငယ်ချင်းလည်းဖြစ် ဆရာဝန်လည်းဖြစ်သည့် ဂျန်နန်ကျန်း ဖြစ်သည်။

"ငါ့လက်အောက် ငယ်သားတွေက မင်းအပေါ် အမှားတစ်ခုခု လုပ်ခဲ့မိရင် တောင်းပန်ပါတယ်။ မကြာသေးခင်ကမှ ငါတို့က ဒီတောင်ပေါ်ကို တက်လာတာ‌ေကြာင့် လူတိုင်းက သတိထ‌ားနေကြတာ" တန်ချင်းရှန် ကအရင်ဆုံး တောင်းပန်လိုက်ပြီး သူ့မျက်လုံးတွေက တည်ငြိမ်နေသည်။

"အဲ့ဒါ‌ေတွ မလိုပါဘူး၊ စစ်သူကြီး။ အခုလက်ရှိ အခြေအနေကို စဉ်းစား‌ေနရတာက ပုံမှန်ပါပဲ" လုယင်ရွဲ့ ပြန်မဖြေတာကို မြင်လိုက်ပြီး လုဖန်မိန် ကသူ့ရဲ့နူးညံ့ သာယာသည့် အသံဖြင့်သာ ပြန်ဖြေလိုက်ရသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Dove le storie prendono vita. Scoprilo ora