3.8

9.8K 1K 4
                                        

Zawgyi

“အဖေ၊ ကျွန်တော့်ကို မေးတာလား?” ဗစ်တာ တံခါးကို ဖွင့်လိုက်ပြီး အထဲဝင်လိုက်သည်။ အယ်လန် ရဲ့အမူအရာက လေးနက်နေတာကြောင့် သူ့စကားကို စောင့်ဆိုင်းရန် ဘေးတွင် ရပ်လိုက်သည်။ အယ်လန် သူ့မျက်နှာတွင် အနည်းငယ် စိုးရိမ်နေကာ စိတ်ဓာတ်ကျနေသည့် ပုံဖြစ်နေပြီး ဗစ်တာ ကိုကြည့်လိုက်သည်။

သူ့မျက်နှာက ဒီလိုမျိုး ဘာကြောင့်ဖြစ်နေတာလဲဆိုတာ မမှန်းနိုင်ပေ။ အထူးသဖြင့် ဗစ်တာ သိခဲ့တဲ့ အချိန်ထဲက ဒီလူက အန္တရာယ်များသည်။

“ဒီကိုလာ” အယ်လန် ကသူ့လက်ကို လှုပ်လိုက်ပြီး ဗစ်တာ ကိုသူ့စားပွဲသို့ လာရန် ဖြေးညင်းစွာ ပြောလိုက်သည်။ သူ့မျက်ခုံးတွေက ကျုံထားပြီး အယ်လန် နားကို အလျင်အမြန် သွားကာ အယ်လန်ရဲ့ လက်ထဲမှာ စာရွက် ကိုကြည့်လိုက်သည်။ သူ့မျက်လုံးတွေ စာရွက်ကို မြန်မြန်ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက ကျယ်သွားလေသည်။

“Y နိုင်ငံက ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ အစီစဉ်ချနေတာလား?!” ဗစ်တာ ရဲ့အသံက အံ့ဩတုန်လှုပ်နေပြီး သူ့အမူအရာကလည်း ထိန်းချုပ်ဖို့ မတတ်နိုင်ပေ။ ဗစ်တာ သဘောပေါက်သည်ကို ကြားရပြီး အယ်လန် ခေါင်းကို ညိတ်လိုက်သည်။

အများအားဖြင့် တောက်ပနေတတ်သည့် သူ့မျက်လုံးတွေက အခုတော့ စိုးရိမ်မှုကြောင့် မှေးမှိန်သွားသည်။ သူ ဘာမှကို မကြောက်ရွံ့ပေမဲ့ သူ့ခင်ပွန်း၊ ရိန်း ကိုတော့ စိုးရိမ်သည်။ အဲ့ဒါက သူ့ရဲ့အိမ်၊ သူ့တိုင်းပြည်၊ အခုတော့ အဲ့ကနေ သူတို့ကို တိုက်ခိုက်ဖို့ အစီစဉ်ဆွဲနေကြတယ်။

အယ်လန် ဘာမှ မကြောက်ပေမဲ့ သူ့ခင်ပွန်းမှာ အရာအားလုံးအတွက် ဝန်ပိမှာကိုတော့ စိုးရိမ်သည်။ ရိန်း သိပြီး သူ့ကို ပျက်စီးစေမှာကို အယ်လန် အတော်လေး ကြောက်မိသည်။

“ဒါပေမဲ့ ဘာကြောင့်လဲ? အဲ့ဒါက ပါးရဲ့ အိမ်လေ၊ သူတို့က ကျွန်တော်တို့နဲ့ မဟာမိတ်ပြုထားခဲ့တာ မဟုတ်ဘူးလား?” ဗစ်တာ ကစိတ်ရှုပ်ထွေးသွားပြီး သူ့အသံမှ စိုးရိမ်မှုနဲ့ ရှုပ်ထွေးနေမှုကို ဖုံးကွယ်မထားနိုင်ပေ။ အယ်လန် သက်ပြင်းချလိုက်ပြီး သူ့အသက်ရှူသံတွေက လေးလံနေသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Tempat cerita menjadi hidup. Temukan sekarang