6.18

2.6K 379 14
                                        

Unicode

"ကျနော်တို့ဒီမှာ"

"ဘယ်သူမှ သတိမထားမိ‌ေစဖို့ သတိထားပါ။ ဝူလော့ ကိုမြန်မြန်ထုတ်ရမယ်"

"ခနလေး၊ ဗန်ပိုင်းယားတွေက ဘာကြောင့် ဒီမှာရှိနေရတာလဲ?"

"သူတို့နောက်ကိုလိုက်၊ သူတို့လုပ်နေတာအတွက် အကြံရှိပုံပဲ။ မြန်မြန်လုပ်ဖို့ ရှုဂျင်း ကိုပြောပြီးတာ‌ေကြာင့် အရင်ဆုံး လူတိုင်းကို ဖယ်ရှားဖို့ ငါသူနဲ့ ပြောလိုက်မယ်"

ထိုအချိန်တွင် ဝမ်ဇူဟေး သည်အချိန်ဘယ်‌ေလာက် ကုန်ဆုံးသွားသည်ကို မသိ‌ေပ။ နေ့လား ညလားဆိုတာတောင် သူမပြောနိုင်‌ေပ။ လီယင်လွေ့ က ချီဝူလော့ ဆီမှအဖြေရလာဖို့ ထပ်ခါထပ်ခါ လာနေခဲ့ပြီး ချီဝူလော့ ကလဲ လီယင်လွေ့ ရှာနေတဲ့ ဟွမ်ဇိုင်ဂျင်း အကြောင်းကို မပြောပြပေ။

တံခါးက ထပ်ပွင့်လာခဲ့ပြီး လီယင်လွေ့ ကိုမြင်လိုက်ရသည်။ ဝမ်ဇူဟေး နဲ့ ချီဝူလော့ တို့က လီယင်လွေ့ အားတစ်ချက်ကြည့်လိုက်ပြီး ထူးဆန်းတာမရှိသလို လှည့်သွားကြသည်။

"ထပ်ပြီးတော့လား? ငါတို့ဒီရောက်နေတာ တော်တော်ကြာနေပြီ" ဘေးဘက်မှ ချီဝူလော့ ရဲ့မကျေမနပ် အသံက ထွက်လာခဲ့သည်။

"ဒါက နောက်ဆုံးအကြိမ် ဖြစ်လိမ့်မယ်။ ငါ့ရဲ့ စိတ်ရှည်သည်းခံမှုတွေက ကုန်ဆုံးသွားပြီ" လီယင်လွေ့ ကရှေ့ကို လျှောက်သွားပြီး ဒီတစ်ကြိမ်တွင်တော့ သူ့လက်ထဲတွင် သေးငယ်သည့် ထိန်းချုပ်နိုင်သည့် အရာက နေရာယူထားသည်။

လီယင်လွေ့ ရဲ့လက်ရှိအခြေအနေနဲ့ ပတ်သတ်ပြီး ဝမ်ဇူဟေး သည်စူးစမ်းစွာ ကြည့်လိုက်ပေမဲ့ သူ့လက်ထဲရှိ ထိန်းချုပ်နိုင်သည့် ပစ္စည်းက အန္တရာယ်ရှိကြောင်း သူကိုသတိပေးနေခဲ့သည်။

"မစ္စတာချီ၊ မင်းတကယ်ပဲ အဖြေပေးဖို့ ဆန္ဒမရှိဘူးဆိုရင် မင်းဘာတွေ ဆုံးရှုံးသွားမလဲဆိုတာကို မင်သိနေမယ်လို့ ငါမျှော်လင့်ပါတယ်" ထိုစကားကို ပြောလိုက်ပြီး လီယင်လွေ့ ရဲ့မျက်လုံးတွေက စူးရှနေပြီး ချီဝူလော့ ရဲ့မျက်နှာ အမူအရာက ပြောင်းလဲလာတာကို မြင်လိုက်ရသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Donde viven las historias. Descúbrelo ahora