1.14

20.2K 2.3K 52
                                    

Zawgyi

ပိုင်မန်ရှောင် ရဲ့ခန္ဓာကိုယ်က အိပ်ရာထက်တွင် လဲနေပြီး သူ့မျက်လုံးတွေက ပိတ်ထားကာ အသက်ရှူနေသံလေးကို ကြားနေရသည်။ သူ့မျက်နှာက ဖြူဖွေးနေပြီး တိတ်ဆိတ်စွာ လှဲလျောင်းနေတာတောင်မှ သူ့အလှအပက နည်းနည်းလေးတောင် လျော့မသွားပေ။

မသိဘူးဆိုရင် သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ပုံစံပင် ဖြစ်နေသည်။ တဖြည်းဖြည်းနဲ့ အချိန်က နှစ်လကြာသွားပြီးနောက် ပိုင်မန်ရှောင် ကတော့ တိတ်ဆိတ်စွာ လဲလျောင်းနေတုန်းပင် ဖြစ်သည်။

အချိန်တွေ ကုန်သွားသည်နှင့် သူ့ဝမ်းဗိုက်ကလည်း ကြီးမားလာခဲ့သည်။ သူက အေးစက်နေတဲ့ အချိန်ဖြစ်တာကြောင့် နိုးဖို့မဖြစ်နိုင်ပေ။

အခန်းဖွဲ့စည်းပုံက လှပပြီး လတ်ဆတ်သော လေကိုလည်း ရရှိစေသည်။ ပိုင်မန်ရှောင် က အရင်တုန်းကအတိုင်း ညင်သာစွာ၊ တိတ်ဆိတ်ပြီး လဲလျောင်းနေဆဲဖြစ်သည်။ တကယ်ကတော့ သူ့စိတ်အတွင်းထဲမှာတော့ လုံးဝကို ကွာခြားသည်။

(System အဲ့ဒါကြီးက တကယ်ကြီးကို ပျင်းစရာကောင်းလာပြီ)

[Host မင်းသာ ဒီအစီစဉ်ကိုချခဲ့တာလေ။ အခုတော့ မင်းဆုံးဖြတ်ချက်ကို နောင်တရနေပြီလား?]

(ငါအိပ်ရာပေါ်မှာ လဲနေတာတောင် အချိန်အတော်ကြာနေပြီ။ ဇာတ်လိုက်ကလည်း ငါ့ကို အဆိပ်ခတ်တဲ့သူကို ရှာမတွေ့သေးဘူး။ ပြောစရာတောင်မလိုဘူး၊ ငါ့အစီစဉ်ထက် နောက်ကျပြီး ဖြစ်လာမယ်ဆိုတာ ဒါပေမဲ့ ဟေ့၊ ငါပေးခဲ့တဲ့ အခွင့်အရေးကိုသာ ငါယူခဲ့တာပါ)

[ဟုတ်ပါတယ်၊ အခုတော့ အိပ်ရာပေါ်မှာ မနိုးထနိုင်ပဲ လှဲနေရပြီး သတိမေ့နေတာ ဘယ်လိုခံစားရလဲ? မင်းအကြောင်းကို ကျွန်တော်မသိပါဘူး၊ ဒါပေမဲ့ ကျွန်တော်စိတ်ဆိုးနေတယ်။ တစ်နေ့ကို အနည်းဆုံး ၃ နာရီလောက် မင်းကဒီဇာတ်ကောင် ရဲ့နူးညံ့သိမ်မွေ့မှုတွေ၊ ကြင်နာမှုတွေ ရဲ့အပေါ်မှာ ဘယ်လိုလုပ်ချင်တယ်ဆိုတဲ့ အကြောင်းကိုပဲ တိုင်တန်းပြောဆိုတယ်။ ငါ့မှာသာ ခန္ဓာကိုယ်ရှိရင် ငါ့ဘာသာ နားမကြားအောင် လုပ်ပစ်လိုက်မယ်။ အဲ့ဒါမှ မင်းတိုင်တန်းနေတဲ့ အရာတွေကို ငါမကြားရမှာ]

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now