2.14

16.2K 1.6K 21
                                    

Zawgyi

အန်ဒီ က ဒန်နီရယ် နဲ့နှစ်နာရီအတူရှိ‌နေပြီး အကြာတွင် ပြန်လာခဲ့သည်။ သူးအဖြေပေးပြီး ဒန်နီရယ် ကိုအခွင့်အရေးတစ်ခု ပေးခဲ့သည်။ အန်ဒီ သူ့အဖြေကို ပြောပြီးသည်နှင့် ဒန်နီရယ် သည် အချိန်တစ်စက္ကန့် တောင်မဖြုန်းပဲ ပျော်ရွှင်မြူးတူးသွားပြီး ဂနာမငြိမ်ဖြစ်ကာ သူဘယ်တော့မှ အန်ဒီ ကိုသစ္စာမဖောက်တဲ့ အကြောင်းကို ပြောလေသည်။

အန်ဒီ ကတော့ ဂရုမစိုက်ခဲ့ဘူး။ သူကတခြားအရာတွေနဲ့ အလုပ်ရှုပ်နေခဲ့သည်။ ဒန်နီရယ် ရဲ့ကိစ္စကို အခုဖြေရှင်းခဲ့ပြီးပြီ၊ သူအခုလုပ်ရမှာက ဒီခန္ဓာကိုယ် မူလပိုင်ရှင် ရဲ့မိသားစုတွေကို အာရုံစိုက်ဖို့ပဲ လိုတော့သည်။ သီအို ကသူ့ကိုစောစော ရှာမတွေ့တာက အပြစ်တင်လို့ရသော်လည်း အဲ့ဒါက သူ့အမှားမဟုတ်ပေ။

သို့သော် ရို့စ် နဲ့ အန်ဗန် တို့နှစ်ယောက်ကတော့ ဒီကမ္ဘာမှာ ရက်စက်တဲ့ နှလုံးသား ပိုင်ရှင်တွေ ဖြစ်တာကြောင့် သူတို့ကိုတော့ ကလဲ့စားပြန်ချေ ပေးရလိမ့်မည်။

ပထမဦးဆုံး သူ သီအို နဲ့တွေ့ပြီး ဒီမူလပိုင်ရှင် ရဲ့အမေ အကြောင်းကိုမေးပြီး အမှန်တရားကို ရှာဖွေပြီး သီအို ကိုသူ့ဘက်ပါအောင် လုပ်ရမယ်။ သီအို ကသူ့ဘက်ရောက်လာရင် ရို့စ် နဲ့ အာဗန် လည်းသဘောတူဖို့ လွယ်ကူသွားပြီ။

ရို့စ် မှာအင်အားကြီးတဲ့ အဖေရှိပေမဲ့ ထိုလူက အသက်အရွယ်ကြီးပြီ ဖြစ်တာကြောင့် အန်ဒီ ကိုရပ်တန့်ဖို့ မတတ်နိုင်ပေ။ နှိပ်စက်ခဲ့တာကြောင့် ရို့စ် ကိုဖမ်းဆီးဖို့ သူသက်သေတွေ ရဖို့လိုအပ်သည်။ မူလပိုင်ရှင်က ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကော ခံစားခဲ့ရသည်။

အာဗန် အတွက်တော့ ထိုလူတွေရဲ့ အပြုအမူတွေက အတော်ကိုပဲ ညစ်ပတ်နေသည်။ အန်ဒီ ကသူ့ဇာတ်ကြောင်းနဲ့ မဆန့်ကျင်ပဲနေရင်တောင်မှ အာဗန် ကအနှေးအမြန် ကျရှုံးသွားလိမ့်မယ်ဆိုတာ သေချာသည်။ နောက်ပြီး အာဗန် ကဒုစရိုက်လောကမှာ ရှိနေခဲ့တာ ဖြစ်သည်။

ထိုကိစ္စတွေ ပြီးပြီးနောက် ဆမ် နဲ့ လူးဝစ် တို့က စေ့စပ်ခဲ့ကြပြီး လက်ထပ်ဖို့ စီစဉ်‌နေကြသည်။ အန်ဒီ ကလွယ်ကူသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူသည် ဆမ် နဲ့ လူးဝစ် တို့ လက်မထပ်ခင်အထိ ဒီကမ္ဘာမှာ နေခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Onde histórias criam vida. Descubra agora