7.20

1.3K 213 8
                                    

Unicode

ရှုဝေ့ယွမ် က လုဖန်မိန် ရဲ့စကားကြောင့် ပြုံးလိုက်ရင်း သူ့မျက်လုံးကလည်း တောက်ပသွားသည်။ "ဒီနှစ်တွေမှာဒီလိုမျိုး အများကြီး ကြားဖူးတယ်။ အားရှန် နဲ့ကျွန်တော်က တစ်ယောက်နဲ့ တစ်ယောက် သိနေခဲ့ကြတာ အခုဆိုရင် ဆယ်နှစ်ကျော်လောက် ရှိနေပြီ၊ ကျွန်တော်တို့ ဆက်ဆံ‌ေရးက နက်ရှိုင်းနေတာက သာမန်ပါပဲ"

ထိုစကားကို ကြားလိုက်ပြီး လုဖန်မိန် ကနူးညံ့စွာ ပြန်ပြုံးပြလိုက်သည်။ ဆယ်နှစ်တောင် မပြည့်သေးတဲ့ တန်ချင်းရှန်၊ သူက ဘယ်လိုပုံစံမျိုးလေးလဲ?

"သခင်လေးတို့က ဘယ်လိုဆုံတွေ့ခဲ့ကြတာလဲ?" သူတို့ကို အတူတူ ဆုံတွေ့စေဖို့ ကံတရားက ဘယ်လိုမျိုး ဖန်တီးခဲ့တာလဲ? လုဖန်မိန် သိချင်သည်။ သူ့လက်ချောင်းတွေက အနက်ရောင် အပိုင်းလေးတွေကို ဂရုတစိုက် ကောက်ယူနေပြီး နေရာချလိုက်သည်။

ရှုဝေ့ယွမ် ကဘုတ်ကို ကြည့်လိုက်ပြီး အဖြူရောင် အပိုင်းလေးကို ကိုင်ထားရင်း ပြန်ဖြေလိုက်သည်။ "ကျွန်တော် ဆူကျုံက ကအပြန် နယင်အိမ်ရာ မက်မွန်ပင်တွေ ပြည့်‌ေနတဲ့ နေရာမှာ တွေ့ခဲ့ကြတာ။ အဲ့ဒါက ကျွန်တော်တို့ ပထမဆုံး ဆုံတွေ့ခြင်းပဲ၊ အဲ့အချိန်က အကြည့်တစ်ချက်တည်းနဲ့ သူက ကျွန်တော့်စိတ်ထဲ ရောက်လာခဲ့တာ။ နောက်ပိုင်းကျတော့ လူတွေပြည့်နှက်နေတဲ့ ဈေးထဲမှာ သူ့ကို ကျွန်တော်က တိုက်မိခဲ့တာ။ အဲ့နောက်မှတော့ ကျွန်တော်တို့ ရင်းနှီးလာခဲ့ကြတယ်" သူ့မျက်နှာထက်တွင် နူးညံ့သိမ်မွေ့သည့် ပုံစံက တည်ရှိနေပြီး အဖြူရောင် အပိုင်းလေးကို ‌ဂရုတစိုက် နေရာချလိုက်သည်။

လုဖန်မိန် က ရှုဝေ့ယွမ် ကိုကြည့်လိုက်သည်။ သူတို့က တကယ်ပဲ တစ်ယောက်နဲ့ တစ်ယောက် လိုက်ဖက်ကြတယ်... လုဖန်မိန် ကချက်စ်ကစားတာကို အာရုံစိုက်နေရင်း သူ့နှလုံးသားက ဗြောင်းဆန်နေသည်။ "ဒါဆို သခင်လေးတို့က ဘယ်အချိန်မှာ လက်ထပ်ခဲ့ကြတာလဲ? ချင်းရှန် ကိုသိရသလောက်တော့ သူလောခဲ့တာ ဖြစ်နိုင်တယ်" သူ့နှလုံးသားထဲတွင် ခါးသီးတဲ့ ခံစားချက်နဲ့အတူ ထိုစကားကို ပြောလိုက်ရင်း သူ့လျှာကပါ ခါးသီးမှုကို ပိုခံစားလိုက်သလို ဖြစ်သွားခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now