1.12

21.4K 2.5K 20
                                    

Zawgyi

"မင်းရောက်လာတာ ကောင်းတဲ့အရာပဲ ကြင်ယာတော်ယု။ ကျေးဇူးပြုပြီး ထိုင်ပါ" မိုင်လင်း ကအေးဆေးသော အသံဖြင့် ပြောလိုက်ပြီး သူမမျက်လုံးတွေက ယုရွှန် ကိုသေချာ စိုက်ကြည့်နေသည်။

ယုရွှန် က မိုင်လင်း ပြောတာကို စိတ်ထဲတောင်မရှိပဲ သူ့နေရာကိုသာ ဦးတည်သွားလိုက်သည်။ အစေခံတစ်ယောက်းက သူ့အဖေဘုရင်ကြီး ပေးထားတဲ့ သူ့အကြိုက်ဆုံးလက်ကောက်ကို ချိုးဖျက်လိုက်တာကြောင့် သူဖမ်းဆီးလိုက်သည်။

ထိုလက်ကောက်က နီလာကျောက်စိမ်းမှ ပြုလုပ်ထားတာဖြစ်ပြီး ရှားပါးပြီး တန်ဖိုးမဖြတ်နိုင်ပေ၊ ဒါပေမဲ့ ထိုနိမ့်ကျတဲ့ အစေခံက ချိုးဖျက်လိုက်တာကြောင့် သူ့ဒေါသတွေ အရမ်းထွက်ခဲ့သည်။

ထိုအစေခံက အလုပ်လုပ်သည့်အခါတွင် နှေးကွေးပြီး အလုပ်ကလည်း မသေမသပ်ဖြစ်ပြီး သူ့ဆံထိုးများကိုလည်း ချိုးဖျက်ခဲ့သေးသည်။ ထိုညထဲက သူကဒေါသထွက်ခဲ့ပြီး ထိုအကြောင်းပြချက်ဖြင့် သူ့ဒေါသတွေကို သူမ အပေါ်ပုံချလိုက်သည်။

"ကြင်ယာတော်ယု ရောက်လာတာ ကောင်းမွန်တဲ့အရာပဲ။ ဒီနန်းတော်ထဲမှာ ကြင်ယာတော်ရဲ့ ပထမဆုံးညက ဘယ်လိုနေပါသလဲ?" ယုရွှန် ရဲ့ဘေးမှာထိုင်နေတဲ့ လှပတဲ့ အမျိုးသမီးတစ်ယောက်က မေးလိုက်သည်။

သူမနာမည်ကတော့ ကြင်ယာတော်ရန်၊ ရန်ဟွာရှင်း ဖြစ်ပြီး လက်ယာဝန်ကြီးချုပ်ရဲ့သမီး ဖြစ်သည်။ သူမရဲ့ပုံစံက ချောမောလှပသော်လည်း သူမထံမှ ဆွဲဆောင်နေတဲ့ အရှိန်အဝါတွေထွက်နေလေသည်။ ပိုင်မန်ရှောင် ကတော့ ပြုံး၍သာနေလေသည်။ ရှုယောင်ဟန် ကပြီးခဲ့တဲ့ညက သူ့ဆီကို အလည်လာခဲ့သည်။

ဒါကြောင့် ရှုယောင်ဟန် က ယုရွှန် ကိုမကြိုက်နှစ်သက်တာကြောင့် ပိုင်မန်ရှောင် နဲ့အချိန်ကုန်ဆုံးဖို့ကိုသာ ရွေးချယ်ခဲ့ကြောင်း ကောလဟာလများက ပျံ့နှံ့နေသည်။ ထိုမေးခွန်းကို မေးလိုက်ခြင်းက ယုရွှန် ရဲ့မျက်နှာကို ရည်ရွယ်ချက်ရှိရှိဖြင့် ရိုက်လိုက်သလိုဖြစ်ပြီး သူ့ကို ဒေါသထွက်သွားစေသည်။

နောက်ပြီး ရှုယောင်ဟန် ကသူ့ကို ငြင်းပယ်ခဲ့သည်။ ကြင်ယာတော်ရန် ကလူများစွာကို ဒေါသထွက်အောင် အမြဲလုပ်လေ့ရှိသည်။ ထိုလူတွေက သူ့ထက် အင်အားတောင့်တင်းနေလည်း သူမဂရုမစိုက်ပဲ ထိုလူတွေကို သူမရဲ့ရက်စက်မှုတွေအကြား တစ်စစီဖြစ်သွားအောင် လုပ်ရတာကို သူမက ကြိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Onde histórias criam vida. Descubra agora