3.4

11.7K 1.3K 21
                                    

Zawgyi

မာ့ခ် သူ့လက်ကို သတိလက်လွတ် ဆုပ်ကိုင်ထားလေသည်။ တောက်ပစွာ ပြုံးနေတဲ့ ဗစ်တာ ရဲ့ပုံရိပ်ကို စိုက်ကြည့်ရင်း တစ်ခုခု မမှန်ဘူးလို့ ခံစားလိုက်ရသည်။ သူ့နှလုံးသားမှ တင်းမာမှုတွေကို တည်ငြိမ်အောင် လုပ်ပြီး တိုးတိုးလေးပြောလိုက်သည်။

“အလည်လာတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ မင်းသားဗစ်တာ” ဗစ်တာ ကသူ့နာမည် မတိုင်ခင် မင်းသားဆိုတာကို ကြားလိုက်သည့်အခါ နည်းနည်း မျက်နှာမဲ့လိုက်သည်။

“ဗိုလ်ကြီး၊ အခြေခံ အချက်တွေကို လုပ်နေဖို့ မလိုပါဘူး၊ ကျေးဇူးပြုပြီး ဗစ်တာ လို့ပဲ ခေါ်ပါ” ကို့ယို့ကားယား အပြုအမူနဲ့ သူ့လက်နဲ့ ဂုတ်ကို ထိလိုက်သည်။ မာ့ခ် ရဲ့မျက်လုံးတွေက ဗစ်တာ ရဲ့လှုပ်ရှားမှုတွေမှာသာ ရှိနေပြီး သူ့ခေါင်းကို ညိတ်လိုက်ကာ သူ့မျက်လုံးကတော့ နှင်းလိုမျိုး အေးချမ်းနေသည်။

“ကောင်းပြီလေ၊ ဒါဆို ငါ့ကို မာ့ခ် လို့ပဲခေါ်ပါ” မာ့ခ် ရဲ့မျက်လုံးတွေက ဗစ်တာ ရဲ့လက်တွေ သူ့လည်ပင်းမှ ဖြည်းညင်းစွာ ကျသွားတာကို ကြည့်လိုက်သည်။

“ငါတို့ အခုပြန်သွားသင့်ပြီ၊ မင်းသားလူစီးယပ် ကမင်းကို ရှာနေလိမ့်မယ်” ထိုစကားကိုပြောပြီး မာ့ခ် ကလှည့်လိုက်ပြီး လျှောက်သွားလေသည်၊ ထိုအချိန်တွေမှာတော့ သူ့အတွေးတွေက ဗစ်တာ ပေါ်တွင်သာ ကျန်ရှိနေသည်။

ဗစ်တာ က မာ့ခ် အနောက်ကနေ လျှောက်လာတာကြောင့် သူ့နှလုံးသား ရှိတဲ့နေရာကို လက်နဲ့ အုပ်လိုက်လေသည်။ အပြုံးက သူ့နှုတ်ခမ်းတွင် ရှိနေဆဲ ဖြစ်ပေမဲ့ သူ့မျက်လုံးကတော့ ရှုပ်ထွေးနေတဲ့ အတွေးတွေနဲ့ ထူထပ်နေသည်။

(ဖေးရှန့်၊ အခု အရာအားလုံး ငါနားလည်သွားပြီ ထင်တယ်)

နောက်ဆုံးတော့ ဗစ်တာ အရာအားလုံးကို သိသွားပြီဖြစ်သည်၊ ပုန်းကွယ်နေတဲ့ အချက်အလက်တွေကိုလည်း သူနည်းနည်းတော့ နားလည်နိုင်သည်။ ထိုအကြောင်းကို ပြန်တွေးပြီး ဒါက သူဒုတိယကမ္ဘာမှာ ထဲက ရှာတွေ့သင့်တဲ့ အရာပဲ ဖြစ်သည်။

ဒန်နီရယ် က ရှုယောင်ဟန် နဲ့ ဆင်တယ်လို့ သူခန့်မှန်းမိထဲက ဗစ်တာ သူသိနေခဲ့သင့်တာ။ အချက်အလက်တွေ အားလုံးကို စုစည်းပြီး သွားချိန်တွင်တော့ အခုအကြောင်းကို သူခန့်မှန်းမိသွားသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Donde viven las historias. Descúbrelo ahora