Zawgyi
အခုတော့ ပိုင်မန်ရှောင် ပွဲတော်မှာ ရှိနေသည်။ လေထုကတော့ ကောင်းမွန်ပြီး ပျော်ရွှင်ဖွယ်တွေနဲ့ ပြည့်နေကာ အန္တရာယ်အငွေ့အသက်တောင် မရှိပေ။ သူ့ခုံပေါ်တွင်ထိုင်နေရင်း သူ့ဘေးမှာရှိတဲ့ ရှုယောင်ဟန် ကိုကြည့်လိုက်သည်။
အရိုးသားဆုံးပြောရရင် သူဒီလူကို သနားမိသည်။ ပိုင်မန်ရှောင် က ရှုယောင်ဟန် ကိုမမုန်းခဲ့ဘူး။ ဒါပေမဲ့ ရှုယောင်ဟန် ကတော့ မူလပိုင်မန်ရှောင် ကို ခံစားခဲ့ရအောင် လုပ်မိတာတွေကို သူမှတ်မိနေသည်။
မူလပိုင်မန်ရှောင် ကသူ့ဘဝမှာ ငယ်ချစ်တစ်ယောက်ကြောင့် အရာအားလုံးကို ဆုံးရှုံးခဲ့ရတယ်၊ နောက်ဆုံးတော့ သူသေဆုံးသည့်တိုင်အောင် သူအဲ့အရာတွေကို ဘာကြောင့်လုပ်လဲဆိုတာကို ရှင်းပြဖို့ကို မကြိုးစားခဲ့ဘူး။
ဒီအရာကြောင့် အချစ်က ယုံကြည်ဖို့ ကောင်းတဲ့အရာ မဟုတ်ဘူးလို့ ပိုင်မန်ရှောင် ပြောနိုင်ခဲ့သည်။ ဒါပေမဲ့ အခုတော့ ဒီစိတ်ပျက်မှုတွေ စုနေတဲ့ ဒီအချစ်ဇာတ်လမ်းမှာ သူပါဝင်သရုပ်ဆောင် ရသည်။
စိတ်ပျက်မှုတွေနဲ့ ပြည့်နေပြီးသားဖြစ်တာကြောင့် ဘာကြောင့် ခေါင်းကိုက်ဖွယ် အချို့အရာတွေနဲ့ အဆုံးမဲ့တဲ့ စိတ်ဆန္ဒတွေကို ထပ်ပေါင်းမထည့်နိုင်ရမှာလဲ? ပိုင်မန်ရှောင် ညင်သာစွာ ပြုံးလိုက်သည်။ လူ့သဘာဝကြီးက အရမ်းကို ရက်စက်တာပဲ။
သူ့ကမ္ဘာမှာတုန်းက ပိုင်မန်ရှောင် ကိုရိုသေလေးစားသော်လည်း ကြောက်ရွံ့ခဲ့ကြသည်၊ မနာလိုသော်လည်း မုန်းခဲ့ကြသည်၊ ဒါပေမဲ့ တစ်စုံတစ်ယောက်က သူ့ကို ဒီလိုမျိုး နှောင့်ယှက်ခြင်း မရှိခဲ့ပေ။
သူ့ အသည်းတွေကွဲခဲ့ရတယ်၊ သူ့အိမ်မက်တွေ ပျက်စီးခဲ့ရတယ်၊ ထိုအရာအားလုံးကနေ သူက နတ်ဆိုးတစ်ယောက် ဖြစ်လာပြီး သွေးအေးရက်စက်ပြီး သူ့ကိုဆန့်ကျင်တဲ့သူတွေကို အပြုံးလေးနဲ့သာ ကြည့်ခဲ့ပြီး တိုက်ခိုက်ဖို့ အစီစဉ်တွေချခဲ့သည်။
ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် ဘယ်သူက သူ့ကိုနှောင့်ယှက်နိုင်လိမ့်မလဲ? အချစ်က အရေးမပါတဲ့ ပတ်ဝန်းကျင်မှာ ပိုင်မန်ရှောင် ကြီးပြင်းလာခဲ့သည်။ သူ့ရဲ့သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကို အဲ့နေရာက သူ့ကို ဘယ်လိုဆက်ဆံမှာလဲ။ မင်းသာ ဂရုမစိုက်မိဘူးဆိုရင် မင်းက စွန့်ပစ်ခံရလိမ့်မယ်။
![](https://img.wattpad.com/cover/209692586-288-k856394.jpg)
YOU ARE READING
𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳
Randomအဓိကဇာတ်ကောင်တွေက အမျိုးသားဇာတ်လိုက်တွေနဲ့ ပဲတွေ့ကြတာလား? ကောင်းပြီလေ၊ စာဖတ်သူတွေကတူခဲ့ကြတဲ့ အတွေးတွေကို သဘောတူတာ ငြင်းဆိုကြတာပေါ့။ နောက်ပိုင်းတော့၊ အဓိကဇာတ်ကောင်ကို ဖျက်ဆီးကြရအောင်။ ဒါကြောင့် အဓိကဇာတ်ကောင်ရဲ့ ရွှေခြေထောက်ကြီး ကိုအဝေးကို ယူထုတ်ကြရအေ...