Part4

3.1K 293 34
                                    

မနေ့ညက အိမ်ရှေ့မှာ စုပြီးအိပ်ဖြစ်ကြသည်။ ဒီမနက်တော့ Vရဲ့အမေ ကစောစောထပြီး မြို့ထဲက နေ ပေါင်မုန့်မီးကင် ဟမ်ဘာကာနဲ့ ကော်ဖီတချို့ကိုသွားဝယ်လာခဲ့သည်။ သားအဖနှစ်ယောက်ကတော့ တယောက်ကို တယောက်ခွလျက်အိပ်နေတုန်းပင်။ အိမ်ထောင်ပရိဘောကပစ္စည်းများသယ်လာသော ကုန်တင်ကားက နောက်တစ်နာရီဆိုလျှင်ရောက်တော့မည်ဖြစ်သည်။ မနက်ခင်းမှာ တေးသံသာသော ဒေါ်Kim soe jin ရဲ့ လော်စပီကာသည် ကားသံနှင့်အတူ ရောက်ချလာသည်။

"နေဖင်ထိုးပြီ ဗျို့ နေဖင်ထိုးပြီ အိမ်မက်ကမ္ဘာထဲက အမြန်ထွက်ခဲ့ ကြပါတော့ ။
အမလေး အိမ်ရှင်မလုပ်သူက မနက်စာအချိန်မှီစားဖို့ အစောထရ ကားထုတ်ရ မနက်စာသွားဝယ်ရနဲ့ ဟိုရောက်တော့လဲ လမ်းကမှားသေး ဒီလောက်အကြာကြီးအပြင်မှာ တိုင်ပတ်နေတာကို သားအဖနှစ်ယောက်က အိပ်လိုက်တာမှသိုးးးလို့။ နောက်တနာရီနေရင် ကုန်တင်ကားရောက်မယ် ပစ္စည်းတွေနေရာချရမယ် နေ့လည်စာ က မဝယ်ရသေးဘူး။ ထကြတော့... ဂလု အမလေး မောလိုက်တာ ငါစားနှင့်ပြီ ဗိုက်ဆာလို့"

သားအဖနှစ်ယောက်အိပ်မှုန်စုံဖွားနှင့် ပြုံးစိပြုံးစိထလာကြသည်။ အလျှိုလျှို မျက်နှာသစ်ဖို့ဝင်သွာပြီးသည်အထိ ဒေါ်စိုးကြည်တယောက် ပေါက်ပေါက်ဖောက်လို့မပြီးသေးပေ ။

အိပ်ခန်းထဲဝင်လိုက်တော့ အိမ်သုတ်ဆေးနံ့ရ၍ ပြတင်းပေါက်ကိုဖွင့်ရင်း လိုက်ကာကို လုံး၍ချည်ထားလိုက်သည်။ ပြတင်းပေါက်ကိုတိုး၍ ဝင်လာသော လေပြေလေး၌ လီလီပန်းရနံ့ကို မျှင်မျှင်လေးရလိုက်သည်။ ကျွန်တော်အခုမှစဥ်းစားမိသည်က ညက အိပ်မက်တောင်မမက်ပေ။ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်သွားတိုက်ကာ ပြန်ထွက်လာတော့ မနေ့ညက ခြောက်ခြားဖွယ် သစ်ပင်ကြီးများမှာ လွန်စွာ ကြီးမားပြီး သဘာဝအရသာကိုခံစားမိစေသညျ။ ထိုစဥ် ဂီတာသံ သဲ့သဲ့လေးပါကြားလာရသည်။ လေလာရာလမ်းကြောင်းကြောင့်ပဲ ကြားရလေသလား ဒီတောထဲမှာပဲတီးနေသလားမသိ။ တော်တော် နားဝင်ချိုလှသည်။ ထိုစဥ်ဗိုက်ထဲမှလဲ သံစုံတီးဝိုင်းကလဲ တဂွီဂွီ တဂွမ်ဂွမ်နှင့်။ မနက်စာစားဖို့ ထမင်းစားခန်းသို့ဝင်လာလိုက်သည်။ သူ့ကိုရပ်ကြည့်နေသော အမည်မသိသူတစ်ဦးကတော့ အတွေးများနှင့်

𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete) Where stories live. Discover now