မနက်ဖြန်တကယ်ပဲ အိမ်ပြောင်းရတော့မှာပါလား ''
လေးကန်စွာပွင့်လာတဲ့ Vရဲ့မျက်လုံးတွေနဲ့ မနက်ခင်းနေမြင့်နေသည်ကိုပင် မထချင် ထချင်နှင့် ထလာလိုက်သည်။
ဘေးနားကနာရီကိုကြည့်လိုက်တော့ဆယ်နာရီပင်ထိုးတော့မည်။
ဖုန်းကိုကောင်ကိုင်လိုက်ရင်း
J. Hopeဆီကိုဖုန်းဆက်ပြီး မျက်နှာသစ်ရန်ထလာသော်လည်း ခြေထောက်တွေက လေးကန်လျှက်။"Hopeကြီး..မနက်ဖြန်မနက်လာခဲ့ဦးနော် "
"အေပါ ငါတောင်မင်းကို ပစ္စည်တွေကူသိမ်းပေးတာ ခါးတွေကိုက်နေလို့ ခုဏမှထတယ်..ဝါးးးအိပ်ချင်လိုက်တာ"
"ငါရောပဲဟျောင့်ရေ ခုမှထတာ ထ ထချင်းမင်းဆီ ဆက်လိုက်တာပဲ ။ အဲ့တာဆိုsee u tomorrowကွာ။"
"အေ ဟုတ်ပြီ "
ဖုန်းချပြီးသည်နှင့်မျက်နှာသစ်ရေမိုးချိုးလိုက်တော့မှလူကလန်းသွားသလိုရှိသည်။အိမ်အောက်ကိုဆင်းလာလိုက်တော့အမေနှင့်အဖေဖြစ်သူက စျေးမှပြန်လာဟန်ပေါ်သည်။
"သားလေးနိုးပြီလား ကိုရေသားကိုမနက်စာပြင်ပေးလိုက်ဦး ကျွန်မ ဟင်းစားတွေကိုင်ဦးမယ်"
"ဗျာ..မမJin ခဗျားသားက၁၆နှစ်ရောက်နေပြီကို ကျွန်တော်မျိုးကပြင်ပေးရဦးမှာလား"
"ဒီမှာကို Namjoon ရှင့် ကျွန်မသားက ကလေးပဲရှိသေးတာ ဒီတရက်လေးကျွန်မမအားလို့ပြင်ခိုင်းတာကိုရှင်က ဒယ်ပြားစားချင်လို့လား"
"နေပါစေမေမေရာ တော်ကြာ ပန်းကန်ကြီးနှစ်ခြမ်းကွဲနေပါ့မယ် သားဟာသားယူစားတတ်ပါတယ် "
"အမလေး လိမ္မာလိုက်တဲ့သားလေး သူ့အဖေနဲ့တခြားစီ"
"ဟောဗျာ...Tae taeလေးမွေးတုန်းက ကျုပ်နဲ့တူလှချီရဲ့ဆို"
"ရှင်တိတ်...ယောင်းမယူမလားဒယ်ပြားယူမလားပဲပြော"
"ကြောက်ပါပြီ ဗျာ ကျွန်တော်မျိုး ပြောင်းရင်ယူရမဲ့ဟာတွေပဲ သွားသိမ်းလိုက်ပါ့မယ် ။ သားရေ ပေါင်မုန့်မီးကင်ထားတယ် စတော်ဘယ်ရီယိုလေးသုတ်စားလိုက်နော်"
"ဟုတ်ဖေဖေ"
ပြောပြောဆိုဆိုနှင့်ယိုဘူးနှင့်ပေါင်မုန့်မီးကင်ကိုV ရှေ့ကိုချပြီး အခန်းထဲဝင်သွားတဲ့ Kim Namjoon. သူက အစိုးရဝန်ထမ်းတစ်ဦး။ အထက်က အမိန့်ကြောင့် လူသူနည်းပြီးရာသီဥတုကောင်းတဲ့နယ်မြို့လေးကိုပြောင်းရတော့မည်။ Vလေးတစ်ယောက်တက္ကသိုလ်စာမေးပွဲ ပြီးတော့ အဖေနဲ့အမေပြောင်းရာလိုက်ရမည်ဖြစ်သော်လည်းမလိုက်ချင်ပေ။ မြို့မှာ သူငယ်ချင်းဆိုလို့ j-hopeတစ်ယောက်ပဲရှိသော်လည်း လည်ပတ်စရာနေရာတွေက ပေါလှသည် ။
YOU ARE READING
𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete)
Horror"သရဲဆိုတာတောင် ဂရုမစိုက်တာ ။ သူများယောက်ျားဆိုတာကို ဂရုစိုက်မယ်ထင်နေလား။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်"