Part 15

2.3K 225 21
                                    

"အာဘွား။...... ပျောက်စေသတည်း"

ခဏကြာသည်အထိ အကြောများသေသွားသလိုမလှုပ်နိုင်ပဲသူ့ကိုသာကြည့်နေမိသည်။ မိုးများဟာလည်း သည်းထန်စွာ ရွာရင်း လျှပ်စီးများ တလက်လက်နှင့်။

"ဂျိန်း!"

"အားးးး"

ကိုယ်တခုလုံးတုန်တက်သွားသည်အထိ လန့်သွားပြီး သူ့ကို လှမ်းဖက်လိုက်မိသည်။

"အာ..မလန့်နဲ့ မလန့်နဲ့ ကိုရှိတယ် ။"

ကျောလေးကို အသာအယာ ပုတ်ပေးလာသည့်ထိုသူ့လက်မှာ နူးညံ့စွာ။ ခဏလေးဆိုပေမယ့် ရင်ထဲ ကြည်နူးမှုအပြည့်ဖြင့်။ ဖြစ်နိုင်လျှင် သူ့ကိုအကြာကြီးဖက်ထားလိုက်ချင်သည်။ သို့သော်မဖြစ်သေး။

"ရ..ရတယ် မလန့်တော့ဘူး။ ဟို..ဟို..ခဗျား ပြန်တော့"
ပါးစပ်က ရုတ်တရက် ပေါက်တီးပေါက်ရှာ စကားလုံးများ အစီအရီမရှိ ထွက်လာသည်။ (ပြန်တော့တဲ့လား ငါမှမပြန်စေချင်သေးတာ တကယ်ပြန်သွားရင်ဒုက္ခပဲ)

"တကယ်ပြန်ရမှာလား"

"အင်..."

"ဒါဆိုလဲ ပြန်တော့မယ်"

"ဟင်..ဟို..တကယ်...တကယ်ပြန်မလို့လား"

"မင်းလေးက ကို့ကို ပြန်စေချင်နေတာကိုကွာ။ အိမ်ရှင် လက်မခံရင် ဧည့်သည်မလုပ်ထိုက်ပါဘူး"

"အဲ့လိုမဟုတ်ပါဘူး...ဟို..
ဒီမှာ ပဲ နေလိုက်ပါ ဖြစ်နိုင်ရင်..ညပါ အိပ်ပေးသွားပါ ကျွန်တော် ဟိုသရဲမကြီးထက်လာမှာကြောက်လို့။ "

"အင်း..အဲ့တာဆို မပြန်တော့ဘူး..ဟဲဟဲ"

စပ်ဖြီးဖြီးနဲ့ ပြောလာတဲ့သရဲလေးဟာလည်း အဲ့လို ချစ်ဖို့ကောင်းတတ်ပါသေးသည်။ နှစ်ယောက်သား ကုတင်ပေါ်ထိုင်ပြီး ဘာမှလည်းမပြောဖြစ်ကြ။ မိုးတွေဟာလည်း အဆက်မပြက် ဝုန်းဒိုင်းကြဲရွာနေလေသည်။ အေးလာသလိုရှိ၍ ခေါင်းဦးကိုကြောမှာမှီပြီး စောင်ခြုံနေလိုက်သည်။ ထိုအခါ သူကလည်း အနားကိုလာပြီး စောင်ထဲ တိုးဝင်နေသည်။

"သရဲကားကြည့်မလား"

"ဟင်....အိမ်ရှေ့ထွက်ပြီး ကြည့်မလို့လား"

𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete) Where stories live. Discover now