Part 37

1.9K 198 19
                                    

"သူ....သူက"

"သူ့နမည်က ဂျွန်နသန်တဲ့... ငယ်လေးချစ်သူလေ..မေမေ ကိုကြီးကို ဖုန်းဆက်ခဲ့ရဲ့သားနဲ့"

"Nice to meet you sr. "

ဂျွန်ဂျောင်ကုနဲ့ တူလွန်းလှတဲ့ နိုင်ငံခြားသားတစ်ယောက်။ အသက်အားဖြင့် ၁၆, ၁၇မျှသာရှိသော်လည်း အရပ်က ၆ပေကျော်လောက်သည်။
စိမ်းပြာရောင်လဲ့လဲ့ မျက်လုံးများနှင့် ရှည်လျားတဲ့ မျက်တောင်ကော့ကော့ တို့ကကွက်ကီး၏ သမင်ညိုရောင် မျက်ဝန်းညိုနဲ့ ကွဲပြားခြင်း တစ်ခု။ နှာခေါင်းချွန်ချွန်နဲ့ နှုတ်ခမ်းလေး နဲနဲပိုထူတာကလဲ ဂျောင်ကုနဲ့မတိမ်းမယိမ်းသာ ကွဲပြားခြင်း...။ ကျန်တာအကုန်တူသည်မို့ ကျွန်တော်ခဏ မှင်သက်သွားသည်။ အသံသြသြနှင့် native speaker တစ်ယောက်လို အသံထွက်မှန်မှန်ပြောလာတဲ့ ထိုလူက ကိုရီးယားအမေရိကန်ကပြားတဲ့။

"Nice to meet you too..
ဟန်နာတို့ အပေါ်ထပ်မှာနေလေ ။ တစ်ခုပဲ ဟိုဘက်အိမ်ကို လုံးဝမလာပါနဲ့ အဲ့လိုသာဆို ကိုကြီးက ခွင့်လွှတ်မှာ မဟုတ်ဘူး ကျန်တဲ့နေရာ ကြိုက်သလိုသွားလာလို့ရတာမို့"

"ဟုတ်ကိုကြီး...Honey လာ အပေါ်တက်ရအောင် တို့ကတခန်းနေမယ် အချစ်ကတခန်းနေပေါ့"

"ဟုတ်ပြီအချစ်..."

မဟုတ်လောက်ပါဘူးး ကွက်ကီးမဟုတ်လောက်ပါဘူးလေ.....
မဟုတ်လောက်ဘူးလို့အတန်တန်ပြောနေပေမယ့် ရုပ်ချင်းဆင်လွန်းလှတဲ့သူ့ကြောင့် ကျွန်တော် ဟန်ဆောင်တောင်မပြုံးနိုင်ခဲ့ဘူးရယ်.....ရင်တွေတလှပ်လှပ်တုန်နေပြီး ခြေဖျားလက်ဖျားတွေအေးစက်လာသည်။ မနက်ဖြန်ဆို ကွက်ကီးထွက်သွားခဲ့တာ ဆယ့်ရှစ်နှစ်ပြည့်ပြီရယ်။ သူလူတန်းဝင်စားရင်လဲ ဒီအရွယ်ပဲမို့ ကျွန်တော် ရူးမတက်တွေးနေမိနေတော့သည်။

******
"Yeah! Bro he is so cute... and. ..oh!. .sorry"

လှေကားပေါ်က ဖုန်းပြောရင်းဆင်းလာတဲ့ဂျွန်နသန်က ကျွန်တော့်ကိုတွေ့တော့ လိပ်ပြာမလုံသလို ပုံစံနှင့်စကားစ ဖြတ်လိုက်သည်။ မသိရင် ကျွန်တော့်အကြောင်းပြောနေသလို။ သေချာပါသည်။ သူဂျောင်ကု မဟုတ်လောက်ဘူး။သူ့တချက်တချက်ပြုမူလိုက်သည့် အပြုအမူတွေက လုံးဝသူစိမ်းလိုခံစားမိရသည်။

𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete) Where stories live. Discover now