Part 36

1.8K 186 20
                                    

"သူ့ကိုဒီအတိုင်းလွှတ်ထားလို့မဖြစ်တော့ဘူး ကိုနမ်ဂျွန်း သူကြာရင်ရူးသွားလိမ့်မယ်"

စိုးဂျင်တစ်ယောက်ကော်ဖီခွက်လေးကိုင်ပြီး မျှော်လင့်ချက်မဲ့စွာ ဝမ်းနည်းဖွယ် ဆိုလာသည်။ ထယ်ယောင်းဟာ အိပ်ဆေးကြီးလှိမ့်သောက်နေ၍ တခါတခါ မူမမှန်တော့သလိုပြုမူနေသည်။ စားသည် ပြီးရင်ပြန်အိပ်သည်။ ရေချိုးသည် ပြီးရင်ပြန်အိပ်သည်။ သူတခုခုလုပ်ပြီးတိုင်း အိပ်ဆေးသောက်ပြီး ပြန်ပြန်အိပ်နေ၍ အမေဖြစ်သူမှာ စိတ်ပူနေရသည်။

"ကိုတို့သူ့ကို ဆရာဝန်ထက်ပြရမလား"

"ပြမှဖြစ်မှာ သူသောက်နေတဲ့ဆေးဗူးကို ဓာတ်ပုံရိုက်ထားတယ် ဆရာဝန်ကိုမေးကြည့်ရမယ် ဒီကလေး သောက်နေတဲ့အိပ်ဆေးက တော်တော်ပြင်းတဲ့ပုံပဲ"

*****

"ဒါက ကင်ဆာရောဂါသည်တွေနဲ့ အနာကြောင့်အပြင်းအထန်ခံစားနေရတဲ့သူတွေကိုပဲ ညွှန်းတဲ့အိပ်ဆေးပါ...ဆရာဝန်လက်မှတ်ပါမှ သောက်ခွင့်ရှိတာ ။ သူဘယ်ကရတာလဲ"

"သူonlineက မှာတာပါဆရာ ။ ကူညီပါဦးဆရာရယ် ကျွန်မသားက နိုးလာရင် ငူငူငိုင်ငိုင်ကြီး ရယ်။ တနေ့မှာ ၂၄နာရီရှိရင်သူက နာရီပေါင်း၂၀လောက်ကို အိပ်နေတော့တာ "

"သူ့မွေးနေ့တောင်သူမထဘူးဆရာ ဒီလိုဖြစ်နေတာ ၄ရက်၅ရက်မကတော့ဘူး ကျွန်တော့်သားကို ဘာဆက်လုပ်ပေးသင့်လဲ"

"သူ့ကိုဖြစ်နိုင်ရင် စိတ်ကျန်းမာရေးအထူးကုသဆောင်မှာ တလကနေ သုံးလအထိ ထားမှအဆင်ပြေမယ် အဲ့ထက်ကြာရင်ကြာနိုင်တယ် သူ့စိတ်ကို သူပြင်မှရမှာမို့ အဲ့လို စီစဥ်မှ ဖြစ်မယ်"

"ကိုနမ်ဂျွန်း "

စိုးဂျင်က မျက်နှာငယ်ဖြင့် နမ်ဂျွန်းကိုစောင်းငဲ့ကြည့်လာသည်။

"အဲ့လိုပဲလုပ်ရအောင် မိန်းမ ကိုတို့နေ့တိုင်းလာကြည့်မှာပဲ။ ဆရာရယ် ကလေးက အိပ်နေရင်ပြုံးနေတာပဲဗျာ...နိုးလာရင် ဆွဲကြိုးလေးကြည့်လိုက် ငိုလိုက်...ပန်းချီကားလေးကြည့်လိုက်ငိုလိုက်နဲ့ ခွေးလေးကိုလဲ တခါတလေ စကားတွေပြောပြီးငိုနေတာ ကျွန်တော်တို့မိဘတွေ တကယ်မကြည့်ရက်တော့ဘူး...။ သားလေးနဲ့အရင်လိုမိသားစု ထမင်းစားဝိုင်းမှာ ပြုံးပျော်လာဖို့ ဘာလုပ်ရလုပ်ရ လုပ်ပါ့မယ်ဗျာ"

𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete) Where stories live. Discover now