"အော် အဲ့တာဆို အမကအရင်က စိတ်ကျန်းမာအထူးကုဆရာဝန်ပေါ့"
"ဟုတ်တယ် ကား accident ဖြစ်ပြီး မျက်လုံးက အခုလို ဖြစ်သွားတာ"
"အမရယ် ကံကောင်းလို့။အဲ့တော့ကောင်းကောင်းမြင်ရလား။ အခု အမတယောက်ထဲနေတာလား မိသားစုရော"
"မြင်ရတယ်ဆိုရုံပဲ ။ နဲနဲတော့မှုန်နေတာပေါ့ အမက မိသားစုမရှိတဲ့တစ်ကောင်ကြွက်ပါ။ ဒါပေမယ့် အဲ့လို ကားမှောက်ပြီးတဲ့နောက် သူများရဲ့ အတိတ်နဲ့အနာဂါတ်ကို မြင်ရလာတယ်လေ။"
"ရှင်..ဘယ်လို ...
ဝါးး...ထူးဆန်းလိုက်တာ""ဟုတ်တယ် ။ ခုဏကုန်တိုက်ပိုင်ရှင်ရဲ့သမီးက မကြာခင်မင်္ဂလာဆောင်တော့မှာ။ တဦးတည်းသောသမီးဆိုတော့ သူ့ယောက်ျားကောင်းလားမကောင်းလား ကြည့်ခိုင်းဖို့ကျွန်မကိုခေါ်တာ။ ကျွန်မကအဲ့လို မြင်ရတာတွေပြောပေးရင် အဖိုးအခ မယူဘူးလေ။ ဒါကြောင့် သူတို့က ဒီပစ္စည်းတွေ အတင်းထဲ့ပေးလိုက်တာ"
"အော် အဲ့လိုလား..အဲ့တာများ ကားနဲ့လာကြိုတာမဟုတ်ဘူး။ဒါနဲ့ အမ ဘာမြင်ခဲ့လဲပြောပြပါလား"
"သူတို့သားက လူကောင်းပါကွယ် ။
သူတို့အိမ်ထောင်ရေး တည်မြဲပြီး ကလေး၂ယောက်ထွန်းကားလိမ့်မယ်။ ကောင်မလေးကိုလဲ ချစ်ရှာတယ်။""ဟာ...မိုက်တယ်မိုက်တယ်။ ကျွန်မကိုလဲ ကြည့်ပြီးဟောပေးပါဦး"
"ဟားဟား ငါ့ညီမ စိတ်ဝင်စားသွားပြီလား"
"ဟာ..ဒါပေါ့အမကလဲ ညီမတို့နေခဲ့တဲ့မြို့မှာ ရှိမှမရှိတာ ဒါမျိုးက ကြားဖူးနားဝ ရှိပေမယ့် မမြင်ခဲ့ဖူးဘူး"
"အင်းးညီမ လက်အမကိုပေး"
"ဟင်..အဲ့လို လက်ကိုင်မှလား အဲ့တာဆို အမအိမ်ရောက်မှပြော ညီမက လက်နှစ်ဖက်နဲ့မှ ကားမောင်းရဲတာ ဟဲဟဲ"
"ဟုတ်ပါပြီ အဲ့တာဆို အိမ်ရောက်ရင်ကြည့် ပေးမယ်"
ကင်ထယ်ယောင်းအမေနဲ့ ထိုအမျိုးသမီး တို့စကားပြောရင်းကားကိုဖြေးဖြေးလေးမောင်းနေသော်လည်း သားတော်မောင် မှာ အကျယ်ကြီးအော်၍ ကားကိုပင်ကျော်တက်သွားသည်။ ကင်စိုးဂျင်မသိသည်က ထိုအမျိုးသမီးမှာ နာနာဘာဝကိုလည်းမြင်နိုင်သည်ဆိုတာကို။ စက်ဘီးအနောက်က ကောင်လေးကတော့ ပြုတ်ကျမည်စိုး၍ ထိုင်ခုံလေးကိုကိုင်ကာ ခြေကားယားနှင့်ဖြစ်နေသည်။ စက်ဘီးနင်းသူမှာလဲ ဖင်ကြီးကုန်းပြီး အသားကုန်ဖိနင်းနေလေရဲ့။ ထိုအချင်းအရာကို မြင်သော အမျိုးသမီးမှာ တခွိခွိနှင့်။ အမေဖြစ်သူကတော့ သားတော်မောင်စက်ဘီးကို ဖင်ကုန်းနင်းကာ သူ့ကားကိုကျော်သွားသည်သာ မြင်သည်။
YOU ARE READING
𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete)
Horror"သရဲဆိုတာတောင် ဂရုမစိုက်တာ ။ သူများယောက်ျားဆိုတာကို ဂရုစိုက်မယ်ထင်နေလား။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်"