Calling....
Te... Te...
"Hello V"
"အေ မင်းကလဲ ဖုန်းဆက်ဖော်တောင်မရဘူး။ တော်တော်နေနိုင်တဲ့ကောင်"
"ငါဆက်မလို့ပဲ မင်းမအားဘူးထင်လို့မဆက်ဖြစ်တာ"
"ဖုန်းပြောဖို့တော့ အားပါတယ်ကွာ"
"အေးပါကွာ မဆက်ဖြစ်တဲ့ငါလေးပဲ မှားပါတယ်"
"အေ မင်းမေမေဖေဖေတို့ပြန်ရောက်တော့ပျော်နေတယ်မလား"
"ဒါပေါ့ကွာ ဒီတစ်ခေါက်တော်တော်ကြာမယ်ပြောတယ် ။ အော် ဒါနဲ့လေ ငါ့အမေ ဒီကိုပြန်ရောက်တော့ ထူးဆန်းတဲ့အိမ်မက်တွေမက်တယ်။"
"ဟုတ်လား ဘာမက်လို့လဲ"
"သိပ်တော့မသိဘူးကွ မနေ့က ငါတရေးနိုးတော့ အမေနဲ့အဖေအခန်းထဲမှာ စကားပြောသံကြားတာပဲ ။ (ဂျွန်ဂျောင်ကုက ကင်ထယ်ယွန်းကိုမေးနေတယ် သူဘယ်မှာလဲတဲ့) ဆိုပြီး ငိုနေတာ အဖေကလဲ တိတ်ပါတော့ကလေးရာ ဘာညာနဲ့ ချော့နေသံတော့ကြားတယ်"
"ဟုတ်လား ။ ဘယ်သူတွေတုန်း သူတို့က"
"မသိဘူးကွ ငါလဲ ဒီတိုင်းကြားလိုက်တာ ငါတွေ့ရ သလောက်အမေဒီရောက်တိုင်း အဲ့လိုခဏခဏမက်သလိုပဲ ။ ပြီးရင်ငိုပါလေရောကွာ။"
"မင်းပြောသလိုဆို ဒီရောက်တိုင်း အိမ်မက်ဆိုးမက်လို့ အမေရိက ကနေတော်တော်နဲ့ပြန်မလာတာထင်တယ်နော်"
"အေကွာ အဲ့လိုထင်ရတာပဲ"
"ဒါနဲ့မင်းအဖေနဲ့အမေရော။ အဲ့မှာဘယ်လိုအခြေအနေရှိလဲ"
"အဖေဒီနေ့ရုံးတက်တယ်။ အမေက အိမ်ရှေ့မှာ TVကြည့်နေတယ်။ ငါကမင်းဆီဖုန်းဆက်နေတယ် ။ "
"မင်းတို့သားမိသားဖ၃ယောက်ထဲ မပျင်းဘူးလား"
"ခုမပျင်းအားသေးဘူးငါစိတ်ဝင်စားစရာတခုရှာတွေ့ထားတယ်"
"ပြောပြလေငါ့ကိုလဲ "
"အေ နောက်မှပြောပြမယ်ကွာ ဒါပဲ"
"ဟမ်....မရ.."
Te............
"ဟာ ဒီငနဲ နဲ့ စကားကိုဆုံးအောင်မပြောရသေးဘူး စိတ်က မြန်လိုက်တာ"
YOU ARE READING
𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete)
Horror"သရဲဆိုတာတောင် ဂရုမစိုက်တာ ။ သူများယောက်ျားဆိုတာကို ဂရုစိုက်မယ်ထင်နေလား။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်"