laptop တလုံးနှင့် အလုပ်ရှုပ်နေသော ထယ်ယောင်းတယောက်နှင့်ဘေးနားမှာ သူလုပ်သမျှထိုင်ကြည့်ကာ ငိုက်နေသည့် သရဲလေး ဂျောင်ကု။ ညက နက်သည်ထက် နက်လာသော်လည်း လိုချင်တဲ့ အဖြေကိုရှာမရသည်မို့ Vတယောက်ခေါင်းကိုအတွင်တွင်ကုတ်နေသည်။ စိတ်ညစ်ညစ်နှင့် ကုတင်ပေါ် ပစ်လှဲလိုက်ကာ ဘယ်လိုလုပ်ရမည်ကို အဖြေထုတ်နေသည်။
"မင်း အိပ်ချင်သေးဘူးလားကွာ"
"ကျစ်..ရှာတွေ့ရင်အိပ်လို့ဖြောင့်ပြီကိုဗျာ"
"ဘာကိုရှာနေတာလဲ"
"ခဗျားကို ကူညီလို့ရမဲ့နည်းလမ်းပေါ့ဗျ"
"အာ..ရှာမနေနဲ့ ကိုအဆင်ပြေမှာပါ။"
"ဟူးးးဒါပေမယ့်လည်း ခဗျားကိုကူညီချင်တယ်လေဗျာ"
"ခဗျား ခဗျား ခဗျား...စတွေ့ထဲက ကို့ကို ခဗျားပဲခေါ်တယ်။ ဟို လူကိုကျတော့ ကိုကြီးတဲ့ ။ မင်းမတရားဘူး။ မျက်နှာလိုက်တယ်"
နှုတ်ခမ်းလေးထော်ကာ ဆူပုတ်ပုတ်နှင့်ပြောလာသောသူဟာ ကလေးလေးနှင့်တူလှသည်။ နှုတ်ခမ်းလေးကိုသေချာကြည့်လိုက်မှ အောက်နှုတ်ခမ်းနားမှာ မှဲ့သေးသေးလေးတစ်ခု။ ထိုမှဲ့လေးကို လက်ကလေးနှင့်ထိကြည့်ချင်လာသည်မို့ ထ ထိုင်လိုက်ကာ သူ့နားတိုးသွားလိုက်သည်။
"ခဗျားရဲ့ဒီမှဲ့လေးကို သဘောကျတယ်။ အဲ့မှဲ့လေးက ကျွန်တော့်ကို လှုံ့ဆော်စေတယ်"
မှဲ့လေးကိုထိလိုက်ချိန် ပါးစပ်က ထိုစကားကို အလိုလိုပြောထွက်လာသည်။
"ဟင်..ဘယ်လိုလှုံ့ဆော်ပေးတာလဲ"
"ဟမ်..အဲ..ဟဲဟဲ"
"ဘယ်လိုလှုံ့ဆော်ပေးတာလဲလို့ "
"ဟာမသိတော့ဘူးဗျာ ခဗျားကလဲ။ ကျွန်တော် အိပ်ချင်ပြီ"
ဘယ်လိုပြန်ဖြေရမှန်းကျွန်တော်မသိချေ။ တကယ်လဲ ဘာကို လှုံ့ဆော်သိမသိ။
"ကို့ကို ခဗျားခဗျားနဲ့မခေါ်နဲ့နော် တကယ်ဆို ကိုက မင်းအဖေအရွယ်လောက်ရှိတယ်။ အသက်၂၂နှစ်နဲ့ ဆုံးခဲ့လို့ ၂၂ ရုပ်ဖြစ်နေတာ ဟွန်းး"
"ဘာလဲအဲ့တာဆို Daddyလို့ခေါ်ရမှာလား" (wtf ငါဘာတွေပြောမိနေတာလဲ)
![](https://img.wattpad.com/cover/277774292-288-k491416.jpg)
YOU ARE READING
𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete)
Horror"သရဲဆိုတာတောင် ဂရုမစိုက်တာ ။ သူများယောက်ျားဆိုတာကို ဂရုစိုက်မယ်ထင်နေလား။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်"