Part 22 🌚

4K 215 18
                                    

အိမ်ပြန်ရောက်သည်နှင့် ကားတံခါးကိုဖွင့်ကာ ဝယ်လာသည့်အိတ်ကိုဆွဲ၍ အိမ်ထဲပြေးဆင်းသွားသည့်ထယ်ယောင်း။ ကားစက်သက်ကာ စျေးမှဝယ်လာသည့် ပစ္စည်းများပင်မထုတ်ရသေး ပြေးဆင်းသွားသူကို ကြောင်တောင်တောင်နှင့် ရပ်ကြည့်နေသည့်စိုးဂျင်။ ထယ်ယောင်းကိုကြည့်လိုက်စိုးဂျင်ကိုကြည့်လိုက်နှင့်ဗျာများနေသည့် ဂျောင်ကု။

ဂျောင်ကုတယောက် ထယ်ယောင်းနောက်အပြေးတပိုင်းနှင့် လိုက်ခဲ့သည်။

"ယောင်းငယ်! ထယ်လုံး... ပိစိပူတူးဝက်ဝံပေါက် အချစ်တုံးလေး ....
ဘာလို့ အလျှင်လိုနေတာလဲ မေမေ့ကို ကူဦးလေကွာ"

အံဆွဲကိုဖွင့်ကာ မီးခြစ်ကိုရှာနေသည့်ကျွန်တော်က သူပြောမှ မေမေ့ကို သတိရတော့သည်။

"အာ..ဟုတ်တယ် ဟီးး..နဲနဲလောသွားတယ်"

"နေဦး"

အပြင်ကို ပြန်ထွက်မည်အလုပ် လက်ကလေးကိုဖမ်းဆွဲလိုက်သောဂျောင်ကုရဲ့မျက်နှာက တစ်ခုခုပြောချင်နေသလို

"ဟင်"

"ကိုပြောပြမယ်။........ လိမ္မာပါ။"

"ဟမ်..ဘလို"

"ကို့အတွက် နောက်မှစဥ်းစားပါ ထယ်လုံးလေးရယ်။ မေမေဖေဖေကို ကူညီရမှာ က မင်းလေးရဲ့ တာဝန်လေ။ သားလေးတစ်ယောက်ထဲရှိလို့ အမေက မခိုင်းရက်ဘူးဆိုပေမယ့် ထယ်လေးက အလိုက်သိရမှာပေါ့ ။ အဲ့တာကြောင့်လိမ္မာလို့။ "

"ကိုကိုကွက်ကီးက လိမ္မာရင်ချစ်မှာလား"

နှုတ်ခမ်းလေးထော်ကာ ပြောလိုက်မိသည့် ကိုယ့်ကိုကိုပင်မယုံနိုင်။ သူနဲ့ကျမှ ကလေးဆန်ချင်သလို ချွဲချင်သလို နွဲ့ချင်သလိုနှင့်။ တကယ်တော့ကျွန်တော်ဟာ ထိုကဲ့သို နွဲ့တဲ့တဲ့ယောက်ျားမဟုတ်ပါသည့်တိုင် သူ့ကိုတော့ အဲ့လိုချွဲနွဲ့ရသည်ကို သဘောကျနေမိသည်။

"ထယ်လေး ဆိုးလဲချစ်မှာပဲ ။ လိမ္မာလဲ ချစ်မှာပဲ။ ကို တယောက်ထဲ ချစ်တာထက် မိသားစုအားလုံး ဝိုင်းချစ်တာမျိုး ဖြစ်စေချင်လို့ပါ။ "

"ဟီး..ဟုတ် ။ ကျွန်တော် မေမေ့ကိုသွားကူညီလိုက်ဦးမယ်။ ကျွန်တော့်ကိုစောင့်နေနော်"

𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete) Where stories live. Discover now