Part 28

1.6K 179 6
                                    

တလမ်းလုံး အော်လိုက်ပြောလိုက် စားလိုက်သောက်လိုက် လုပ်လာပြီး မောသွား၍ထင်သည် ထယ်ယောင်းလေးက ဂျောင်ကု ပေါင်ပေါ်မှာ အိပ်ပျော်သွားသည်။ ဂျွန်ဝူးနဲ့စိုးဂျင်လဲ တစ်ယောက်ကိုတစ်ယောက်မှီလျက်အိပ်ပျော်နေသည်။ နမ်ဂျွန်း ကတော့ အိပ်ငိုက်လိုက် ပြန်နိုးလိုက်နှင့်..

...

ယောင်းငယ်က နတ်သက်ကြွေလာတဲ့နတ်သားလေးလို လှပလွန်းသည်။ ကျွန်တော်ပျောက်သွားမှာစိုးသည့်နှယ် ကျွန်တော့်လက်ဖဝါးကို တင်းကျပ်စွာ ဆုတ်ကိုင်လျက်အိပ်ပျော်နေသည့်ထိုလူသားအား ကျွန်တော်သိပ်ကို ချစ်သည်။

ကျွန်တော့်စိတ်တွေလေးလံကာ မငိုမိအောင်ထိန်းထားရသလို ရင်ထဲ၌ တင်းကြပ်နေသည်။ ဝေးရမှာသိသိရဲ့နဲ့ ခံစားချက်တွေကို မထိန်းချုပ်နိုင်ခဲ့တာ ကျွန်တော်ရောသူရော။

ပါးလေးကို ဖွဖွလေးပွတ်ကာ တစိမ့်စိမ့်ကြ​ည့်မိလေ တမြေ့မြေ့လောင်ကျွမ်းရလေ...

( မိုးနတ်မင်းကြီးရယ် ကျွန်တော့်လိုနှလုံးသားရှိရင် တစ်စိတ်လောက်လေး ဖြစ်ဖြစ် မြူတမှုန်စာလေးဖြစ်ဖြစ် ကိုယ်ချင်းစာပေးပါလားဗျာ...

နှလုံးသားမရှိဘူးဆိုရင်တောင် ကျွန်တော့်အတွက်မတွေးပါနဲ့ ။ ဒီလူသား.. ကျွန်တော် သိပ်ကို မြတ်နိုးတန်ဖိုးထားရတဲ့ ဒီကလေးငယ်ကို မနာကျင်အောင် စိတ်ခွန်အားများပေးသနားပေးပါ....

အဲ့လို ပေးမယ်ဆိုရင်လေ   ကျွန်တော်... ကျွန်တော် ဘာကြီးပဲ ပေးဆပ်ရ ပေးဆပ်ရ... ပေးဆပ်ပါ့မယ်။ ကျွန်တော် ချစ်တဲ့ဒီကလေးငယ် နာကျင်တာကို စိတ်ကူးနဲ့တောင် မတွေးရဲလွန်းလို့... ကူညီဆောင်မပေးပါဗျာ)

အေးစက်စက်မျက်ရေများက တလိမ့်လိမ့်နှင့် ပါးပြင်ပေါ် စီးဆင်းလာလေပြီ။ ထိုမျက်ရည်ကို မသုတ်ရဲပါ။ ဒီလူသားလေး နိုးသွားမည်စိုး၍။ အခုတောင် ကားလှုပ်ရင်နိုးမှာစိုးလို့ ကျွန်တော့်စွမ်းအင်တချို့နှင့်  လေပေါ်မြောက်ထားရသည်မို့။

ထယ်ယောင်းလေး ခုလို အေးအေးချမ်းချမ်း အိပ်စက်နေသည်ကို ကြည့်ရတာ ကျွန်တော့်ဝါသနာတစ်ခုလိုပင် ဖြစ်နေလေပြီ။ ညတိုင်း ညတိုင်း သူ့ကိုသာ တစိမ့်စိမ့်ကြည့်ရင်းသူ့ ပုံရိပ်လေးကို မိတ္တူကူးနေမိသည်။

𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete) Where stories live. Discover now