Part8

2.4K 228 1
                                    

[Jone jungkook နှင့် Jimini စကားပြောခန်း]

ကလင်ကလင်ကလင်.....ကလင်ကလင်ကလင်

"ဟယ်လို"

"ဂျီမီနီ ငါနင်နဲ့တွေ့မှဖြစ်မယ်"

"အတော်ပဲ ငါလဲတွေ့ချင်နေတာ"

"ဒါဆိုဘယ်ချိန်တွေ့မလဲ"

"စနေနေ့ ပန်းခြံထဲက ရေခဲမုန့်ဆိုင်နားကို မနက်၉နာရီ အရောက်လာခဲ့"

"ဟုတ်ပြီ အဲ့တာဆို စနေနေ့တွေ့မယ်။ "

At Saturday.

"ဟဲ့..ဂျောင်ကုငါ ဒီမှာ"

"အေ နင်ပြောတဲ့ရေခဲ့မုန့်ဆိုင်က နမည်လဲမပြောလို့ရှာလိုက်ရတာ အရူးမ ။ ဒီထဲမှာ ဒီလောက် ရေခဲမုန့်ဆိုင်တွေများတာကို"

"ဟီးဟီးး ငါလဲ ရေခဲမုန့်သာစားတာ ဆိုင်နမည်မကြည့်ဖြစ်လို့ပါဟယ်။"

"ငါနင့်ကို ပြောစရာရှိတယ်။ "

"အေ ပြောလေ။ ပြီးရင်ငါပြောမယ်"

"ငါ ထယ်ယွန်းဆိုတဲ့ကောင်မလေးကို ချစ်မိသွားပြီထင်တယ်။ပြီးခဲ့တဲ့စနေမှာနင့်ကိုလာရှာရင်းသူနဲ့တွေ့တာ။သူ့ကိုမြင်မြင်ချင်းချစ်မိသွားတယ်ဟာ။ နင်က ငါ့ချစ်သူဖြစ်နေတာ ငါသိပါတယ် ဒီစကားမျိုး နင့်ကို မပြောသင့်တာငါသိပါတယ်။ ဒါပေမယ့် နင့်ကိုငါ့စိတ်ထဲမှာ သူငယ်ချင်းတစ်ယောက်လိုထက် မပိုခဲ့ဘူးဆိုတာ ငါအခုမှ သိလိုက်ရတယ် ဂျီမီနီ ။ ငါ...ငါတောင်းပန်ပါတယ်ဟာ။ ငါတို့လမ်းခွဲရအောင် ။ နော်..."

"အဟင့်...ဟင့်.."

"နင်ငိုနေတာလားဟင် ။ ဂျီမီနီ ငါ့ကို စိတ်ဆိုးမယ်ဆို ဆိုးလို့ရပါတယ်ဟာ။ ငါက အချစ်နဲ့ခင်မင်မှုကို မခွဲ ခြားတတ်တဲ့ လူပါ။ ငါ့ကို ..နင်စိတ်ကြိုက်ရိုက်လို့ရတယ်။ မငိုတော့မငိုပါနဲ့ ရှက်စရာကြီး လူကြားထဲမှာ"

"ဟဲ့ ငါရယ်နေတာလေ အရူးရဲ့။ ငိုရင် မျက်ရည်ထွက်မှာပေါ့ ။... အာလာလာ"

"ဟာ.... နင်ကလဲ မျက်နှာကြီး အုပ်ပြီးရယ်ရလားဟ။ "

"ငါပြောချင်တဲ့အကြောင်း အရာနဲ့ တူနေလို့ ကျိတ်ရယ်လိုက်တာပါဟယ်"

"ဟမ်...ဘယ်လို ငါရှင်းအောင်ပြောပါဦး"

"တကယ်တော့ ပြီးခဲ့တဲ့ တပါတ်က ငါထယ်ယွန်းရဲ့အိမ်ထောင်ဖက်နဲ့သွားတွေ့တာ "

𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete) Where stories live. Discover now