Part11

2.4K 236 3
                                    

အိမ်ပြန်ရောက်တော့ မေမေက စိတ်မပါလက်မပါနှင့် နေ့လည်စာပြင်တော့သည်။ ကျွန်တော် မေမေငိုတာကို ဒါနဲ့ဆိုလျှင်၂ကြိမ်သာတွေ့ဖူးသည်။ တစ်ခေါက်က ဖွားဖွားဆုံး၍။ ယခုကား အတိတ်အကြောင်းသိ၍လား..အနာဂါတ်အကြောင်းသိ၍လား။ စားပြီးသောက်ပြီးတော့ အရင်လို TVမကြည့်တော့ပဲ (မေမေခဏလှဲဦးမယ်) လို့သာ ပြောပြီး အခန်းထဲဝင်သွားသည်။ ကျွန်တော်လည်း ခဏမျှ လှဲရန် အိပ်ခန်းထဲ ဝင်လာခဲ့မိသည်။

မေမေ့အတိတ်ဘဝကခေတ်ကာလဟာ ယခုခေတ်ကဲ့သို့ အမြင်ကျယ်ဦးမည်မဟုတ်။ အချစ်ဆိုတာ ကျားမ သဘာဝမဟုတ်လျှင် လက်ခံမည့်သူက ရှားလိမ့်မည်။ အမေ့ကိုသူသနားမိသည်။ ကောင်လေးတစ်ယောက်ကို သိပ်ချစ်ခဲ့မိတဲ့ကောင်လေးက ဘဝကြီးတစ်ခုလုံးရင်းပြီး မိန်းမဘဝကို ဆုတောင်းခဲ့သည်တဲ့လား။ ဘယ်လောက်များ ပင်ပန်းခဲ့လို့များလဲ။ အချစ်ဆိုတာ အဲ့လိုမျိုးလဲ နာကျင်တတတ်လေသည်တဲ့။ ဖေဖေကရော... ချစ်နေခဲ့ရဲ့သားနဲ့ မေမေ့လက်ကိုဆွဲပြီး ဘာလို့နှစ်ယောက်တကမ္ဘာ မတည်ဆောက်ခဲ့တာလဲ။

ကျွန်တော်ရော...။ ကျွန်တော်သာ အဲ့လိုကြုံတွေ့လာခဲ့ရင်ရော။ ဖေဖေနဲ့မေမေသဘောမတူခဲ့ရင်ရော။ ကျွန်တော်ချစ်ရတဲ့ချစ်သူလက်ကိုဆွဲပြီး နှစ်ယောက်တကမ္ဘာ တည်ထောင်နိုင်မှာလား။

အတွေးနွံထဲ နစ်နေရင်းနဲ့ ပန်းသီးလေးနှစ်လုံးကို သတိရသွားသည်။ ကားထဲက ပစ္စည်းများပင် ထုတ်ဖို့မေ့နေသည်။ ကားထဲက မေမေနှင့်ကျွန်တော်ဝယ်ထားသော အထုတ်များချရန် ကားသော့လေးကိုင်ပြီး ထွက်လာခဲ့သည်။ ပစ္စည်းများချပြီး ပန်းသီးလေးနှစ်လုံးနှင့်မုန့်ထုတ်များကို အိပ်ခန်းထဲ ပြန်ယူလာခဲ့သည်။ ပန်းသီး အစိမ်းလေးကို ဘေစဥ်၌ရေဆေးလိုက်သော် Sorryဆိုသည့်စာတန်းလေးကို မတွေ့တော့။
မည်မျှမှော်ဆန်သည်ကို ပြောပင်မပြတတ်တော့ချေ။

ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုအပင်အောက်ကို ပြန်သွားမည်။ တောအုပ်ရဲ့နောက်က သရဲရှိတဲ့ ထိုအပင်ဆီ။ နေပူသော်လည်း မိုးကာဂျာကင်အပါးလေးထပ်ဝတ်ပြီး ပန်းသီးနှစ်လုံးကို အိပ်ထဲ ထည့်လိုက်သည့်။ milkနှစ်ဗူးလဲ ယူလာခဲ့သည်။ သရဲကိုမတွေ့လဲ အပင်အောက်မှာ ထိုင်စားမည်ဟူသောအတွေးနှင့်။ ဖုန်းကတော့မပါမဖြစ်။ hobiဆီ ဒီဘက်က ရှုခင်းတွေ ရိုက်ပြီးပို့ရမည်။

𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete) Where stories live. Discover now