ရေကန်ပေါ်က နေရောင်များမှာ တလက်လက်နှင့်။ ပုစဥ်းကောင်လေးများဟာလဲ တဝဲဝဲ။ နှစ်ယောက်သား ဘာစကားမှမပြောပဲ ထိုရေကန်ကို အကြောင်းမဲ့ကြည့်နေသည်မှာ မည်မျှကြာသည်မသိ။ ရင်ထဲမှာတော့ လှိုင်းကလေးများ လှုပ်ခက်နေသလို။
ကျွန်တော်သူ့ကို မသိမသာခိုးကြည့်မိသည်။ မေးရိုးထင်ထင် နှင့်ယောကျ်ားပီသသော သူက ကျွန်တော့်စိတ်ထဲ လှတယ်လို့ ဘာလို့ခံစားမိသနည်း။ နှာခေါင်းလေးက လုံးလုံးလေး။ အပေါ်နှုတ်ခမ်းလေးက ပါးပါးလေး။ ပါးမှာလဲ အမာရွတ်သေးသေးလေး။ မျက်ရစ်သေးသေးလေးနှင့် မျက်တောင်မွှေးလေးများက သူ၏အလှကို ပို၍ပေါ်လွှင်စေသည်။ အရပ် ၅'၁၀'' လောက်ရှိသည့် တောင်တင်းတဲ့ခန္ဒာကိုယ်ကို ပိုင်ဆိုင်ထားသည့် ထို ကိုလူချောက သရဲဖြစ်နေတာတောင် ဆွဲဆောင်မှုအားပြင်းလှသည်။
"ကို့ကိုအဲ့လောက်စိုက်ကြည့်နေရင် ကိုရှက်တယ်နော်"
"ဟာ..ဟာဗျာ...ခဗျားကလဲ ။ ကျ..ကျွန့်တော်က ဒီတိုင်း မမြင်ဖူးလို့ကြည့်တာကို"
"မင်း ကြည့်နေတဲ့ပုံကလဲ ပါးစပ်ကြီးဟပြိီး ပြုံးပြုံးကြီးနဲ့ ကြည့်နေတာကိုး"
သူပြောမှ ရှက်ရမည့်လူက ကျွန်တော်ဖြစ်သွားသည်။ ပါးစပ်ကြီးဟပြီး ပြုံးကြည့်နေသည်တဲ့။ ကိုယ့်ကို ကိုယ်တောင်မသိလိုက်။ သူကလဲ လှည့်မကြည့်လာပါပဲနဲ့ ပါးစပ်ကြီးဟပြီး ပြုံးကြည့်နေတာကို သိသည်တဲ့လား။
(ဟွန့်..မတရားဘူး)...
မျက်လုံးထောင့်ကနေ မြင်နေရသော ထိုကောင်ငယ်လေးက နှုတ်ခမ်းကြီးထော်၍ ဘာကို အလိုမကျသည်မသိ။ ကျွန်တော်သူ့အကြည့်တွေကို ရင်မဆိုင်နိုင်၍ အရှေ့တူရူ ကိုသာ ကြည့်နေမိသည်။ ကျွန်တော် သူ့အသက် သူ့နမည်ကို သိချင်လှပြီ။ သူ့ကိုမေးလျှင် သူ့ဘက်က ပြန်မေးလာတော့မည်။ ထိုအခါ ရင်နာစရာအတိတ်ကို ရင်နာနာနှင့်ပြောပြရဦးမည်မဟုတ်လား။
"ခဗျားနမည် ဘယ်လိုခေါ်လဲ "
ကျွန်တော်မေးချင်သည့်စကားသူ့ဘက်ကစ၍မေးလာတော့ သူ့ကို ကြောင်အမ်းစွာလှည့်ကြည့်မိလိုက်သည်။ မျက်ရစ်တစ်ဖက်ထဲပါပြီး နှာခေါင်းချွန်ချွန်နှင့်ထိုကောင်လေးက မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေသည်။သေချာကြည့်လျှင် ယွန်းငယ်နှင့်အတော်ဆင်သော်လည်း ကွဲပြားချက်များလည်းရှိသည်။နှာခေါင်းထိပ်က မှဲ့ကလေး၊ မျက်ရစ်တဖက်ထဲပါတာလေး၊ နှုတ်ခမ်းဖူးဖူးလေးတို့က ယွန်းငယ်မှာမရှိ။
YOU ARE READING
𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete)
Horror"သရဲဆိုတာတောင် ဂရုမစိုက်တာ ။ သူများယောက်ျားဆိုတာကို ဂရုစိုက်မယ်ထင်နေလား။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်"