"သား ဖုန်းထားခဲ့တာလား"
"အာ..ဟုတ်တယ် တောထဲကျကျန်ခဲ့မှာဆိုးလို့..ဘာလို့လဲ"
"တညလုံး ဖုန်းတွေလာနေတာ အမေဝင်ဖြေမလို့ပဲ ဒါပေမယ့် သားမကြိုက်မှာစိုးလို့"
"အာမေမေရယ် ဘာမကြိုက်စရာရှိလို့လဲ ဒါနဲ့ ဘယ်သူလဲ"
"Hobiပဲနေမယ် အမေ မကြည့်မိဘူး"
"ဟုတ်လား သားမနက်စာစားပြီးမှသွားကြည့်လိုက်ဦးမယ်"
"အင်း..ဟုတ်ပြီ ။ ဒါနဲ့မေမေ စာရွက်တွေသွားဝယ်မလို့ လိုက်ဦးမလား"
"အာ....မလိုက်..." ဂျောင်ကု ကိုတချက်လှမ်းကြည့်လိုက်တော့ ခေါင်းငြိမ်ပြသည်။
"လိုက်ရမှာပေါ့...လိုက်မယ်"
ထိုစဥ်
"ညီရေ.....ငါမုန့်တွေအများကြီးယူလာတယ်"
"ဟာ..ကိုဂျွန်ဝူး... "
"မောင်လေးဂျွန်ဝူးလာမှတော့...သားနေခဲ့တော့"
"ဟုတ်... "
"အမဂျင်အပြင်သွားမို့လား..."
"ဟုတ်တယ် စာရေးကိရိယာလေးလိုတာသွားဝယ်မလို့။..အမ မုန့်ဝယ်ခဲ့မယ် ဒီနေ့တော့ မင်းညီလေးနဲ့ စကားပြောနှင့်"
"ဟုတ်အမ..တာ့တာ"
"မေမေ သားအတွက် Banana milkနဲ့ Strawberry milkလေးဝယ်ခဲ့ ကိုဂျွန်ဝူးရော.."
"အကိုက ရပြီ...ပါတယ် ဟီး"
"ဟုတ်ပြီဟုတ်ပြီ"
စိုးဂျင်တစ်ယောက်ထွက်သွားတော့ထယ်ယောင်းလဲ စားပြီးသားတွေသိမ်းကာ ဖုန်းအားသွင်းပြီး ဂျွန်ဝူး ဆီလာလိုက်တယ်။ ဂျွန်ဝူးက TV ရှေ့မှာထိုင်ပြီး Line ေတွပြောင်းကြည့်နေလေရဲ့။
"အကို မနေ့က မေမေ့ကို ဘလိုပြောလိုက်တာလဲ"
"အင်း..ကို့အိမ်မှာ မုန့်လုပ်စားမို့ ညီ့ကိုခေါ်အိပ်မယ်ပြောလိုက်တာ"
"အော်..ဟုတ် ကျေးဇူးပါဗျာ.. ဟီး"
"ညီက ဘယ်သွားတာလဲ နှစ်ညတောင်ရှိပြီ"
"ညီ့ကောင်လေးနားသွားတာလေ"
ထယ်ယောင်းက ပြောနေရင်း တဖက်က ဂျောင်ကုကို လှည့်ကြည့်ရင်းဆိုသည်။
YOU ARE READING
𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete)
Korku"သရဲဆိုတာတောင် ဂရုမစိုက်တာ ။ သူများယောက်ျားဆိုတာကို ဂရုစိုက်မယ်ထင်နေလား။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်"