Mini boat လေးပေါ်မှာဂျောင်ကုရယ်ထယ်ယောင်းရယ် မောင်းနှင်သူတစ်ဦးရယ်... မနက်ဝေလီဝေလင်းထဲက စထွက်လာခဲ့ကြသည်။ မြို့ပြကတရိပ်ရိပ်ကျန်ခဲ့ပုံကို အကြောင်းမဲ့ကြည့်ရင်း အိတ်ကပ်လေးထဲ လက်နှိုက်ထားသည့်ထယ်ယောင်းတစ်ယောက်ကတော့ အတွေးမျိုးစုံနှင့်။ ဂျောင်ကုက camera လေးကိုင်ကာ ထယ်ယောင်းရယ်မြို့ပြရယ်ကျယ်ပြောလှတဲ့ရေပြင်ကျယ်ကြီးရယ်ကိုမှတ်တမ်းတင်နေသည်။
"ကွက်ကီး"
"အင်း..အဲ့လိုလှည့်ကြည့်နေ... "
"ချလပ်...ချလပ်"
"လှလိုက်တာကွာ"
"ကွက်ကီးးလို့"
"ဗျာ ဗျာ"
"ဖက်ထားပေးပါလား ထယ်အေးတယ်"
"အိုခေဗျာ"
ဂျောင်ကုက လက်ထဲက cameraလေးချကာ ထယ်ယောင်းရဲ့နောင်ကျောမှနေ၍ ရင်ခွင်ထဲ ဆွဲသွင်းဖက်ထားလိုက်သည်။ ထယ်ယောင်းက ခေါင်းလေးစောင်းပြီး ဂျောင်ကုနှလုံးခုန်သံတိုးတိုးလေးကို ကြားအောင်နားထောင်နေသည်။
"ဘယ်လိုလုပ်မလဲ... ထယ်ဒီနှလုံးခုန်သံလေးကို ထပ်ကြားခွင့်မရတော့ရင်.. ဘယ်လိုလုပ်မလဲ ဟင်"
"ထယ်ယောင်းငယ် ကိုတို့ အဝ ပျော်ရအောင်ကွာ နော်....စိတ်ညစ်စရာတွေမေ့ထားလိုက်ပါလား"
"မေ့လို့ရရင်လေမှာ ဒီလောက်နာကျင်မှာမဟုတ်ဘူးသိရဲ့လား"
"ကို့ကိုချစ်တယ်ဆို ကို့စကားနားထောင်ရမှာပေါ့ ဝက်ဝံပေါက်လေးရ"
"အင်း... ချစ်တယ် ကွက်ကီးကို သိပ်ချစ်တာမို့ စကားနားထောင်မယ်နော်...ထယ်လိမ္မာတယ်မလားဟင်"
ခေါင်းမဖော်ပဲ ရင်ခွင်ကျယ်ကြီးထဲ၌နေ၍ပြောလာသောထယ်ယောင်းအသံက တုန်တုန်ရီရီ...
"လိမ္မာတဲ့ကလေးဆို ကိုက သိပ်ချစ်တာ...ထယ်လေးသာလိမ္မာမယ်ဆို ဒီကောင်ကြီးက ချစ်လို့ဝမှာတောင်မဟုတ်ဘူး"
ရင်ထဲနွေးလိုက်တာ...
ဒီလိုနွေးထွေးမှုလေးကို ဘယ်လိုလက်လွှတ်နိုင်မှာလဲတဲ့ဗျာ...
ချစ်ရတဲ့သရဲလေးကတော့ သိနိုင်မယ်မထင်ဘူးရယ်..
YOU ARE READING
𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete)
Terror"သရဲဆိုတာတောင် ဂရုမစိုက်တာ ။ သူများယောက်ျားဆိုတာကို ဂရုစိုက်မယ်ထင်နေလား။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်"