အမုန်းဆုံးပဲ
အခုလိုရင်ထဲတင်းကျပ်နေတဲ့ခံစားချက်က ဝမ်းနည်းမှုများလား
ကြေကွဲစရာအဖြစ်ကိုရင်ဆိုင်ရမှာသိနေတဲ့ ဒီခံစားချက်ကြီးကို ဘယ်လို ဖြေသိမ့်ရမလဲကွက်ကီးရာ..သူက ဒီနေ့မှာ တကယ့်လူသားတစ်ယောက်လို အသားအရေဝင်းဝင်းလေးနဲ့မျက်စံအညိုလေး...
ချယ်ရီတွေတသီတတန်းပွင့်နေတဲ့လမ်းမထက်ဟာ ဝမ်းနည်းဖို့ကောင်းလောက်အောင် လှပနေလေရဲ့...
သူသိပ်ကြိုက်တဲ့ Banana milkလေးကို စုတ်သောက်နေတဲ့ ချစ်ရတဲ့ဂျောင်ကုက ကလေးလေးကျနေတာပဲ...
သဘာဝတရားတွေကိုကြည့်ရှုပြီး ပျော်ချင်ယောင်ဆောင်ကာပြုံးနေသည့် သူ့ရင်ထဲမှာလဲ ကျွန်တော့်လိုပဲ ကြေကွဲနေမယ်ထင်တယ်...
ကျွန်တော်ကတော့ ချယ်ရီတွေထက်သူ့မျက်နှာလေးကိုပဲ ကြည့်မိနေတယ်...
သူ့လက်ကလေးကို တင်းတင်းဆုတ်ကိုင်ပြီး သူ့ကိုတစိမ့်စိမ့်ကြည့်နေမိတဲ့ ကျွန်တော်အတွက် ဒါဟာ နောက်ဆုံးပဲ..
"ခဏနေ ကားရောက်တော့မှာ ဘာဝယ်ချင်သေးလဲ"
ပန်းချီကားကြီးနဲ့ အဝတ်အိတ်ကို ဘေးနားချထားရင်း လှည့်မကြည့်ပါပဲမေးလာသူက ဂျောင်ကု...
"ဟင့်အင်း မဝယ်ချင်တော့ဘူး"
အိမ်အပြန်လမ်းဟာ တိတ်ဆိတ်နေခဲ့သည်....
သူရောကျွန်တော်ရော စကားလုံးများနှင့် မဆက်သွယ်မိတော့...
သူကကျွန်တော့်ကိုခိုးကြည့်လိုက် ကျွန်တော်ကသူ့ကို ခိုးကြည့်လိုက်...
ဆုတ်ကိုင်ထားတဲ့လက်တစုံဟာ အရင်လိုအေးစက်မနေပဲ နွေးထွေးနေခဲ့သည်။
"သားတို့ပင်ပန်းသွားပြီ....လာ နားကျဦး"
"မေမေလဲ သားတို့မရှိတော့ပင်ပန်းနေတော့မှာပဲ ကြည့်ပါဦးအများကြီးပြင်ဆင်ထားတာများ"
ခရစ်စမတ် သစ်ပင်လေးက ခြံရှေ့မှာ ရောင်စုံမီးများနှင့်...
ခြံရှေ့မှာပဲ စားဖွယ်များခင်းကျင်းထားပြီး လက်ဆောင်ပစ္စည်များကိုပါ အပင်အောက်၌ ချထားကြသည်။
![](https://img.wattpad.com/cover/277774292-288-k491416.jpg)
YOU ARE READING
𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete)
Terror"သရဲဆိုတာတောင် ဂရုမစိုက်တာ ။ သူများယောက်ျားဆိုတာကို ဂရုစိုက်မယ်ထင်နေလား။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်"