Part 16

2.2K 215 0
                                    

ရာသီဥတုက မပူမအေးရှိနေသည်။ ဒူးခေါင်းအပေါ်ထိသာရှိသောဘောင်းဘီတိုလေးနှင့် ရှပ်အင်္ကျီလက်ရှည်လေးသာ ဝတ်လိုက်သည်။ အပေါ်အောက်လိုက်သည်မလိုက်သည်မသိ။ ဗီရိုထဲက တွေ့တာ ကောက်ဆွဲဝတ်လိုက်ခြင်းဖြစ်သည်။ ဖုန်းကို ဘောင်းဘီအိတ်ထဲထဲ့ကာ ပြတင်းပေါက်က လိုက်ကာကို ချလိုက်စဥ် ဂျောင်ကုဆိုသူအား တချက်သတိရမိသွားပြန်သည်။

(ဟက်...ငါကိုက မှားတာ။ ညကပြန်မယ်ဆိုထဲက မတားပဲနေရမာ)

ပြတင်းပေါက်ကို ကြည့်ကာ အလိုမကျတဲ့ပုံနှင့် မဲ့ပြုံးတချက်ပြုံးကာ အပြင်ထွက်သွားသောV။ သူ့ကိုဧည့်ခန်း၌ အဆင်သင့်စောင့်နေသော ကုတ်အင်္ကျီအဖြူနှင့်ပတ်ဘိုဂမ် ။ လူကြီးလူကောင်းဆန်စွာ ဆံပင်ကိုသက်တင်ထားသောထိုလူက အစိုးရဝန်ထမ်းနှင့်မတူ သူဌေးတစ်ယောက်လိုသန့်ပြန့်နေသည်။

"ညီအဆင်သင့်ပဲဆို သွားရအောင်"

"မေမေသားသွားပြီနော်"

"အေအေသား..ဂရုစိုက်။ ကိုကြီးကိုမဆိုးနဲ့နော်"

"ဟာ..မေမေကလဲ သားက ကလေးလား"

"အေပါအေပါ။ ပျော်ပျော်လည်ခဲ့နော်"

မေမေ့ကိုနှုတ်ဆက်ပြီး ထွက်လာတော့ ထိုလူက ကားတံခါးဖွင့်ထားပေးသည်။ ကားအကောင်းစားကြီး စီးနိုင်သည့် အစိုးရဝန်ထမ်းကို ပထမဦးဆုံးမြင်ဖူးခြင်းပင်။ နှစ်ယောက်သားကားထဲဝင်ထိုင်ပြီးချိန်မှ နောက်တယောက်ယောက်က ကားပေါ်ရောက်လာသလို ကားက အိခနဲ ဖြစ်သွားသည်။ အနောက်ကို ပြိုင်တူ လှည့်ကြည့်မိတော့ ဘာမှမရှိပေ။ ထိုအခါ ပြူးတူးကြောင်တောင် ဖြစ်နေသည့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တိုင်ပင်စရာမလိုပဲ ထရယ် မိကြသည်။

ထိုအကိုက စကားပြောကောင်းသည်။ သူနှင့်တလမ်းလုံးစကားပြောလာရင်း ကိုယ့်ကိုယ်ကို 'ညီ' ဟူသောနာမ်စားကို သုံးမိလာသည်။

မြို့ထဲကို နှံ့နှံ့စပ်စပ်မရောက်ဖူးသည့်တိုင် ဟိုကြည့်ဒီကြည့်နှင့် စူးစမ်းနေမိသည်။ ကားများ စက်ဘီးများ ဆိုင်ကယ်များ အစီအရီရပ်ထားသည့် နေရာ၌ ပါကင်ထိုးကာ စက်ရပ်လိုက်သည်။

𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete) Where stories live. Discover now