ပြတင်းပေါက်ကနေ နေရောင်လေးတွေက အခန်းထဲရှိ စန္ဒယားဆီကို ဖြာကျနေသည်။ ပြတင်းပေါက်ဘောင်ပေါ်တင်ထားသည့် ရှားစောင်းပင်သေးသေးလေးတွေနှင့် လာဗင်ဒါပန်းအိုးလေးက သိပ်ကို ကဗျာဆန်လှသည်။ ကျွန်တော့်ရှေ့က စန္ဒယားခုံလေးမှာ ဝင်ထိုင်လိုက်ပြီး သံစဥ်တချို့ကို တီးမိသည်။ ကြားနေကျသံဇဥ်မဟုတ်သည့်တိုင်လက်က ကျင့်သားရနေသလိုပင်။ ဝမ်းနည်းဖွယ် တီးလုံးလွင်လွင်လေးက အခန်းထဲ ပြန့်နှံ့သွားကာ ပြတင်းပေါက်မှ လေပြေလေးကကျွန်တော်ဆံပင်တွေကို လှုပ်ခက်သွားစေသည်။ အနောက်က တတ်တူးတချို့ထိုးထားတဲ့ သန်မာတယ့် လက်သွယ်သွယ်တခုက ကျွန်တော့်ပုခုံးပေါ်မှ ကျော်၍ စန္ဒယားဆီ ရောက်လာပြီး ကျွန်တော်နှင့်အတူတီးခက်နေသည် ။ သူ့ကိုလှည့်မကြည်မိပေမယ့် စိတ်ထဲ နွေးသွားသလိုခံစားချက်က ရင်ထဲ၌ကြည်နှူးမှုအပြည့်ရစေသည်။
"Tata လေး ကိုယ်လေ.. "
(ဟမ်..Tataလေးကဘယ်သူလဲ)
"ကိုယ်လေ Tataလေးကိုသိပ်ချစ်တာသိတယ်မလားဟင်။ ကိုရဲ့အမှားကိုခွင့်လွှတ်မယ်မလား။ Tataလေး ဆိီက...ခွင့်လွှတ်မှုရမှ... ကို...ကို နာကျင်မှုတွေက လွတ်မြောက်နိုင်မှာ"
အသံတွေက တုန်ရီနေပြီးငိုသံနဲ့ပါ ပြောလာတာကြောင့် ကျွန်တော် သူ့ကို လှည့်ကြည့်လိုက်မိသည်။ သူ့မျက်ဝန်း၌မျက်ရည်စတို့နှင့်
(အော် ဟိုနေ့ကအိမ်မက်ထဲက သစ်ပင်အောက်မှာတွေ့ခဲ့တဲ့သူပဲ။..ခုလိုကျ ချောလိုက်တာကွာ)
သူ့ကိုကြည့်ရင်း ကို့ရင်ထဲမှာပါ နာကျင်သလို တင်းကျပ်ကျပ်ကြီးခံစားရခက်လာသည်။ လက်က အလိုအလျောက် သူ့ပါးလေးကို ဖွဖွကိုင်လိုက်မိသည်နှင့် သူ့ခေါင်းမှ သွေးများယိုစီးကျလာသည်။ ကြည့်နေရင်းနှင့်သူ့မျက်နှာမှာ သွေးမရှိတော့သလိုဖြူစုတ်လာကာ။
"ကို အရမ်းကို နာကျင်နေတယ်ကွာ ။
ကို့ကိုခွင့်လွှတ်ပါနော်။"ဟု အသံတိုးတိုးလေးနှင့်...ကျတော်ပါငိုချမိတော့မည်။ ရင်ထဲမှာ အဲ့လောက်ထိ စို့နင့်ပြီး မခံစားဖူးသလို တခါမှ သူစိမ်းတယောက်အတွက် အဲ့လောက်ထိဝမ်းမနည်းဖူးပေ။
YOU ARE READING
𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete)
Horor"သရဲဆိုတာတောင် ဂရုမစိုက်တာ ။ သူများယောက်ျားဆိုတာကို ဂရုစိုက်မယ်ထင်နေလား။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်"