ထယ်ယောင်းတစ်ယောက်မနက်စောစောနိုးကာ အိမ်အလုပ်များအား စိတ်ပါလက်ပါ လုပ်နေသည်။ မနက်စာမပြင်တတ်သောကြောင့်ရေနွေးအိုးလေးတည်ကာ ဖုန်စုတ်စက်တစ်လုံးနှင့် တစ်အိမ်လုံးပတ်ကာ သန့်ရှင်းနေလေသည်။ စိုးဂျင်ရောနမ်ဂျွန်းက ညကအရှိန်ကြောင့်မထနိုင်ပဲရှိရာ ဖုန်စုတ်စက်အသံပင်မကြား။...
ဂျောင်ကုလဲမထနိုင်သေးသည်ဖြစ်၍ ထယ်ယောင်းတစ်ယောက်တည်း အလုပ်ရှုပ်နေလေသည်။ အပြင်ဘက်ထွက်ကာ သစ်ပင်များရေလောင်းပြီးကောင်းကင်ကိုမော့ကြည့်လိုက်တော့ ကျေးငှက်လေးများက လေအဟုန်စီးကာပျံသန်းနေကြသည်။ ရောင်စုံလိပ်ပြာလေးများဟာလည်း ပန်းပွင့်လေးများ၌ ခိုနားကာ ဝတ်ရည်များစုဆောင်းနေကြသည်။
လမ်းသွားလမ်းလာ ကျဲသည့် လမ်းမလေးဟာ နေရောင်ဖျော့ဖျော့လေးနှင့် ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ သို့သော် ခြောက်ကပ်ကပ်မဖြစ်ဘဲ အေးချမ်းသော အရသာကိုသာ ခံစားရသည်။ ချစ်ရသူတို့ အိမ်ထဲမှာ အေးချမ်းစွာ အိပ်စက်နေသည်ဆိုသည့်အသိက သိပ်ကို ကြည်နူးနွေးထွေးဖို့ကောင်းသည်မဟုတ်ပါလား။
အတွေးများနှင့် ဖွဖွလေးပြုံးကာ အိမ်ထဲ ပြန်ဝင်တော့ တွေ့လိုက်ရသည်က အိပ်ခန်းရှေ့တွင်မေမေတစ်ယောက် ပါးစပ်အဟောင်းသားနှင့် ကြောင်အမ်းစွာ ရပ်ကြည့်နေသည်။ ရင်ထဲ ထိပ်ကနဲ ဖြစ်သွားကာ မေမေ့အနားပြေးသွားလိုက်တော့ မေမေက ကျောက်ရုပ်ကြီးလို ။
"မေ..မေမေ"
"သူ...သူကဘယ်သူလဲ"
လက်ညှိုးညွှန်ရာကြည့်လိုက်တော့ ဂျောင်ကုတယောက် မှောက်ရက်အိပ်ပျော်နေသည်ကိုတွေ့သည်။ ခေါင်းထဲက ဆင်ခြေဆင်လက် ဉာဏ်နီဉာဏ်နက်များ ထွက်မလာသည့်အဆုံး ဆံပင်ကိုသာ ဖွနေမိသည်။
"မေမေ....လာ..ခဏထိုင်ပါဦး"
"သူ..သူ..က"
"လာပါ သားမေမေ့ကိုပြောပြမယ်"
မေမေ့လက်ကို ဆွဲကာ မီးဖိုခန်းထဲက ထမင်းစားစားပွဲကိုခေါ်သွားလိုက်ပြီး အကြောင်းစုံရှင်းပြလိုက်သည်။
"မေမေ သားကို မုန်းသွားပြီလားဟင်"
"ဟင်..မ..မမုန်းပါဘူး..ဒါပေမယ့် "
YOU ARE READING
𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete)
Terror"သရဲဆိုတာတောင် ဂရုမစိုက်တာ ။ သူများယောက်ျားဆိုတာကို ဂရုစိုက်မယ်ထင်နေလား။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်"