လွန်ခဲ့သော တစ်နှစ်ခန့်က...
.
.
."ကဲ သမီး...ဒီနေ့ကစပြီး သမီးက တက္ကသိုလ်ကျောင်းသူကြီးဖြစ်ပြီ။ ကိုယ့်ကိုယ်ကို ဂရုစိုက်။ စာကြိုးစား ။ "
Columbia University ကျောင်းဝန်းကြီးထဲ၌ စိုးဂျင်က သမီးဖြစ်သူဟန်နာလက်ကိုဆွဲရင်း မူကြိုကျောင်းပို့သလို လိုက်ပို့လေသည်။ ကျောင်းသားကျောင်းသူများက စုစုရုံးရုံးနှင့် ကျောင်းဝန်းကြီးထဲ လူများပြည့်နေတော့သည်။
"Te. .Te. ."
စိုးဂျင်ဆီဝင်လာတဲ့ဖုန်းကို စိုးဂျင် မကိုင်ချင်ကိုင်ချင်နှင့်ကိုင်လိုက်ရသည်။
"သမီး ခဏ မေမေ့အယ်ဒီတာ ဖုန်းဆက်တာ ဒီနားပဲရပ်နေ အခန်းထဲထိလိုက်ပို့မယ်"
"ဟုတ်"
"Hello...sr. "
စိုးဂျင်တဖက်သို့လှည်းရင်းဖုန်းပြောနေစဥ် ဟန်နာလည်း ဟိုကြည့်သည်ကြည့်နှင့် သိသူခင်သူ သူငယ်ချင်းများတွေ့နိုးဟု လိုက်ရှာနေလေသည်။
"ကင်...ကင်ထယ်ယောင်းလားမသိဘူး"
"ရှင်...မ..မဟုတ်ပါဘူး ကင်ဟန်နာပါ..ကင်ထယ်ယောင်းက ကျွန်မ အကိုပါ... ရှင်က"
အရပ်ရှည်ရှည် ရှပ်အဖြူနှင့် ဂျင်းအနက်ကို ဝတ်ဆင်ထားပြီး နေကာမျက်မှန်တပ်ထားသူ...ဂျွန်ဂျက်ခရစ်...။ သူ့နောက်မှ အပြေးလိုက်လာသူ ဆံပင်ငွေမှင်ယောင်နှင့် လူက ဂျွန်နသန်...
"Hi. ..!"
"Hey!"
"ဘာလို့ အဲ့လောက် မြန်မြန်ပြေးသွားတာလဲ လဒရဲ့ မင်းနောက်ပြေးလိုက်ရတာမောလိုက်တာ... သူလား မင်းရှာနေတဲ့လူက"
"မဟုတ်ဘူး သူ့ညီမတဲ့ ထယ်ယောင်းနဲ့တူတယ်နော်"
"ငါဘလိုသိမှာလဲကွ.."
ဖုန်းပြောပြီး လှည့်ကြည့်လာတော့ သမီးဖြစ်သူနား ရစ်သီရစ်သီလုပ်နေသော အရပ်ရှည်ရှည် ချောချောနှင့်ကောင်လေးများကိုတွေ့လိုက်သည့်စိုးဂျင်။
"Hey. ..What's up"
စိုးဂျင်က နိုင်ငံခြားသားများထင်၍ ရုပ်တည်ကြီးနှင့် ဝင်ချလာသည်။
YOU ARE READING
𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete)
Horror"သရဲဆိုတာတောင် ဂရုမစိုက်တာ ။ သူများယောက်ျားဆိုတာကို ဂရုစိုက်မယ်ထင်နေလား။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်"