Part 29

1.7K 185 10
                                    

တိမ်ကင်းစင်သည့် ညသန်းခေါင်ယံမှာ ကြယ်ရောင်လရောင် များနှင့်တောက်ပနေသော်လည်း ကျွန်တော့် စိတ်နှလုံးဟာ အမှောင်ကျနေသည်။ သူကျွန်တော့်အပေါ်ရက်စက်သွားလေပြီ။ သူချစ်လှပါချည်ရဲ့ဆိုတဲ့ ကျွန်တော့်ကို တချက်လေးတောင်ငဲ့မကြည့်ပါပဲ ကျွန်တော်အတွက်မဟုတ်တဲ့မျက်ရည်များကျကာ သူကြေကွဲနေသည်။

(မငိုပါနဲ့ ကျွန်တော်ချစ်ရတဲ့ကွက်ကီးရယ် ကျွန်တော်နာကျင်ရလွန်းလို့ သေတော့မလိုပါပဲ...

ခဗျားချစ်တဲ့သူနဲ့နေရမယ်ဆို ခဗျားပျော်တယ်မဟုတ်လား

ပျော်လိုက်ပါဗျာ ကျွန်တော့်ကို မတွေးပါနဲ့....ပျော်လိုက်ပါ

ခဗျားအပြုံးတွေက သိပ်လှတာမို့ ခဗျားပြုံးနေတာပဲ မြင်ပါရစေ....

ချစ်တယ် ဂျောင်ကုကီး...ကျွန်တော် ခဗျားကိုသိပ်ချစ်တယ်။ ခဗျား ဘယ်သူ့ကို ချစ် ချစ်.... ခဗျားပျော်နေရင်ရပြီလေဗျာ....မငိုပါနဲ့တော့)

"ကိုကိုရယ်...TaTaလေးကို သိပ်ချစ်တာပဲလားဟင်"

မိစ္ဆာမက အရှက်မရှိစွာ ထိုစကားကို ဆိုလေသည်။ လက်ကလည်း ဂျောင်ကုကို ပွတ်သီးပွတ်သက်လုပ်နေသေးသည်။

"ချစ်တာပေါ့ TaTaလေးရယ် ကိုသိပ်ချစ်တာပေါ့ နောက်ဆို ဘယ်တော့မှမခွဲတော့ဘူးနော်"

မိစ္ဆာကြီးက ပြုံးလို့ရွှင်လို့ အောင်နိုင်သူကြီးလို ....

"လို့ထင်လား......မင်းတို့သေဖို့သာပြင်!"

ရုတ်တရက် ဂျောင်ကုရဲ့မျက်လုံးဟာ နီရဲလာပြီး မိစ္ဆာမရဲ့ဆံပင်ကို ဆွဲကာ ပရိတ်ရေဗူးထဲက ရေတဝက်ကို ပါးစပ်ထဲ လောင်းထည့်လိုက်သည်။ မိစ္ဆာမက စူးစူးဝါးဝါး ထိုးအော်ပြီး အမှုန့်ဖြစ်သွားကာ မိစ္ဆာကြီးက မျက်လုံးပြူးမျက်စံပြူးနှင့် ကြောင်ပြီးရပ်ကြည့်နေတော့သည်။

ဂျောင်ကုက လက်ကို ဝှေ့ယမ်းလိုက်ကာ လေထဲက ထယ်ယောင်းကို ဆွဲဖမ်းလိုက်သည်။ ထယ်ယောင်းလေးက လေထဲက ငှက်မွှေးလေးကဲ့သို့ ဂျောင်ကုရင်ခွင်ထဲ ရောက်သွားသည်။

မိစ္ဆာကြီးက ဒေါသထွက်လာပြီး အနက်ရောင်အခိုးအငွေ့များနှင့် တိုက်ခိုက်တော့သည်။ ထိုစဥ် အဖြူရောင် အငွေ့များက တောထဲက ထွက်လာပြီး အနက်ရောင် အငွေ့များကို ရောယှက်စေလိုက်သည်။

𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete) Where stories live. Discover now