"ကဲ အိမ်တော့ရောက်လာပြီ ။တို့တွေ ပစ္စည်းချလို့ပြီးရင် ရေမိုးချိုးကြမယ်။ ပြီးရင် တစ်ခုခုထွက်စားကြမယ်။ ကိုနမ်ဂျွန်း ပစ္စည်းတွေချရင် မကျိုးပဲ့စေနဲ့နော် ".
"ဟုတ်ကဲ့ပါ မမဂျင်ခဗျ"
"ရှင်..ရှင်ခေါ်ပြန်ပြီ မမဂျင်လို့"
"အမေ ကျန်တဲ့ပစ္စည်းတွေဘယ်ချိန်ရောက်မှာလဲ ခုက ပစ္စည်းမစုံသေးဘူးလေ"
"ဟုတ်တယ် မနက်ဖြန်မနက်မှ ရောက်မယ်ထင်တယ် အခုတောင် ညနေတော်တော်စောင်းနေပြီ"
"ကုန်ကားတွေက အဲ့လိုပဲ နှေးရနှေးနဲ့ ဒီည တို့သားမိသားဖ၃ယောက် အိမ်ရှေ့မှာပဲ ရှိတာ ခင်းအိပ်ကျတာပေါ့"
"ဟုတ် အဆင်ပြေပါတယ် အဲ့လိုမအိပ်ရတာတောင်ကြာပြီ။ နော်မေမေ"
"ဟုတ်ပါ့ သားက အလယ်မှာအိပ်"
"ဟင် မမဂျင် ကျတော်မျိုး မမဂျင်နဲ့ ခွဲမအိပ်နိုင်ဘူး..."
"ရှင်ဘယ်လိုဖြစ် တစ်ညထဲကို"
"မရဘူး အိမ်မရတဲ့ ည ဖြစ်သွားမယ်နော် ။ သားလေးက အဖေက အလည်မှာ အိပ်မယ် နော် ရလား ။"
"ဟားဟား ရပါတယ်ဗျာ ဖေဖေ အဆင်ပြေသလိုလုပ် ။ ".
"ဒီယောက်ျားနဲ့တော့ ခက်ပြီ။ လူရှေ့ကျ ရုပ်တည်ကြီးနဲ့ လူကွယ်ရာကျ ချွဲလိုက်တာ လွန်ရော"
"မေမေလဲ အဲ့တာကြောင့် ဖေဖေ့ကို ချစ်နေရတာမလား"
"တိတ်.. ကားထဲ ပစ္စည်းကျန်သေးလား သွားချလာခဲ့".
"ဟုတ်"
စကားပြောရင်း ပစ္စည်းတွေ ချနေတာ ကုန်သလောက်ရှိနေလေပြီ။ နောက်ဆုံး အဝတ်ထုတ်၂ထုတ်ပဲ ကျန်လို့ သွားယူလိုက်ရင်း လီလီပန်း အနံ့ကို သင်းသင်းလေးရလိုက်သည်။ သိပ်မကြာလိုက် အိမ်နောက်ဖေးကို စူးစမ်းပြီးသွားကြည့်လိုက်သည်။
(ဒါမျိူးကိုတောလို့မခေါ်ပါဘူး။ ငါနောက်နေ့မှ ဝင်ကြည့်ဦးမယ်)
"သားရေ ထယ်ထယ်"
"ဗျားးး".
"ဟဲ့အဝတ်ထုတ်၂ထုတ်လေးယူတာအဲ့လောက်ကြာလား"
YOU ARE READING
𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete)
Terror"သရဲဆိုတာတောင် ဂရုမစိုက်တာ ။ သူများယောက်ျားဆိုတာကို ဂရုစိုက်မယ်ထင်နေလား။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်"