Part 27

1.8K 193 26
                                    

ပတ်ဂျွန်ဝူးဟာ သူဋ္ဌေးသားပီပီ အိမ်နှစ်အိမ်စုပြီး ခရီးသွားမည်သိသည်နှင့် ရုံးကပြန်လာကာ ချက်ခြင်းဆိုသလို မြို့တက်ကာ Alphard တစ်စီး ကောက်ဝယ်လိုက်သည်။ အပြန်ကို ဂျွန်ဝူးတစ်စီး ဘိုဂမ်တစ်စီး မောင်းပြန်ခဲ့ရာ ညတွင်းချင်းရောက်သည်။

ထယ်ယောင်းနဲ့ဂျောင်ကုကလည်း စိုးဂျင်ကိုခေါ်ပြီး ဂျောင်ကုအတွက် အင်္ကျီများထွက်ဝယ်ကြသည်။ စားချင်တာများစားလိုက် လိုချင်တာဝယ်လိုက်နှင့် ညနေစောင်းတော့နမ်ဂျွန်းကိုဝင်ခေါ်ကာ အိမ်ပြန်ခဲ့ကြသည်။ အိမ်ရောက်တော့ မီးရှို့တာရှို့ လိုအပ်တာများ ထည့်စရာရှိတာထည့်နှင့် ယခုဆိုလျှင်ဂျောင်ကုအတွက် ခရီးစောင်အိတ်တစ်အိတ်စာ အင်္ကျီများ ရနေလေပြီ။

ဒီတခါ စိုးဂျင်ပိုက်ဆံနှင့်ဝယ်ခြင်းမဟုတ် ဂျောင်ကုရဲ့ ဖုန်တက်နေတဲ့ဘဏ်စာအုပ်ကလေးထဲက ထုတ်ယူဝယ်ကြခြင်း ။ သူဋ္ဌေးသားဖြစ်ခဲ့သူဂျောင်ကုဟာလည်း သူဋ္ဌေးနီးပါးငွေများစွာရှိလေသည်။ ဖခင်ဖြစ်သူက သူ့လက်အောက်က ထွက်သွားသော်လည်း လိုအပ်သည်မရှိအောင် ငွေများသွင်းပေးခဲ့သည်။ ထို့အပြင် ဘဏ်ထဲက နှစ်အလိုက်စုကြေးများနှင့်ပေါင်းလျှင် တစ်သက်စာ ထိုင်သုံးမကုန်။

ဂျောင်ကုဟာလူ့ဘဝက သာမာန်လူတယောက်လို တမင်သက်သက် စက်ရုံ၌ အလုပ်ဝင်လုပ်ခဲ့ခြင်း။ သူချမ်းသာခဲ့သည်ကို ထယ်ယွန်းကအစ မသိခဲ့ပေ။

ထိုညက အိမ်ဂရံနှင့် ပိုင်ဆိုင်သမျှကို ထယ်ယောင်းနမည်နဲ့လုပ်ပေးရန်တောင် စိုးဂျင်နှင့်နမ်ဂျွန်းအား ပြောထားပြီးလေပြီ။ ထယ်ယောင်းလေးသိသည်က ထိုဘဏ်စာအုပ်တစ်ခုတည်းသာ..

ဆောင်းမနက်ခင်းလေးက ထုံးစံအတိုင်းကျေးငှက်သံများ တစ်ကျီကျီ။
အိမ်နှစ်အိမ်က လူများကတော့ ကိုလိုချင်တာများကို ကားထဲ ထည့်နေကြသည်။ ဂျောင်ကုက ဝိဉာဥ်သာဆိုသည် အားကိုးရ၏။

စိုးဂျင်က မိန်းမသားမို့ အေးဆေးကားထဲ ထိုင်နေသည်။ ယူရမည့်ပစ္စည်းများကို ညထဲက နမ်ဂျွန်း နှင့် သားဖြစ်သူကိုပြောပြထားပြီး၍ အေးဆေးနေရခြင်း။ ထယ်ယောင်းလဲ အေးဆေးပါပင်။ သူ့လုပ်ရမည်ကို သူ့အစား ဂျောင်ကုက လုပ်နေသည်မို့။

𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete) Where stories live. Discover now