Part6

2.9K 260 21
                                    

"ကိုကို မီလေးတို့ ဒီရောက်တုန်း ယွန်းငယ်ရဲ့ အုပ်ဂူကိုသွားချင်တယ်"

"ကလေးသွားချင်လို့လား...ကိုလိုက်ပို့ပေးမယ်လေ။  hobiလေးပါခေါ်သွားမယ်။ အပြန် ပန်းခြံဝင်နားကြမယ် အဆင်ပြေလား။"

"ဟုတ်..ပြေပါတယ်"

"သားက...မီလေးရဲ့အတိတ်အကြောင်းမေးလာရင်ရော။"

"ပြောပြမှာပေါ့ ။ သူလဲ သိသင့်တဲ့အရွယ်ရောက်ပြီလေ။"

"အဆင်ပြေရင်ပြီးတာပါပဲ မနက်ဖြန်သွားမဲ့အကြောင်း သားကိုသွားပြောလိုက်ဦးမယ်"

"ဟုတ် ကိုကို"

ဝရံတာမှာထိုင်ရင်းအတိတ်ကအကြောင်းကို တစွန်းတစ တွေးမိသည်။ ကင်ထယ်ယွန်းနဲ့ ကျွန်မ ဂျီမီနီက အိမ်နီးချင်း ၊ တနည်းဆို အချစ်ဆုံးသူငယ်ချင်းတွေ... ။ တစ်ဦးတည်းသောသမီးလေး သူက အနေအေးသလောက် ကျွန်မကပျော်ပျော်နေတတ်သူ။အိမ်ရဲ့အငယ်ဆုံးလေး။ ကျောင်းသွားလဲ အတူတူ ထမင်းစားလဲအတူတူနှင့် ကျောင်းပြီးလို့ သင်တန်းတွေတတ်တဲ့အထိအတူသွားအတူစားခဲ့ကြသည်။ တစ်ယောက်နဲ့တစ်ယောက် ရည်းစားမထားကြေးဟူသော အပြန်အလှန်ကတိပေးထားကြပြီးနောက် ဂျွန်ဂျောင်ကု ဆိုသောကောင်လေးနှင့်ကျွန်မ ချစ်သူဖြစ်ခဲ့သည်။သူနှင့် ကဖေးဆိုင်တစ်ခုမှာဆုံရင်း ခင်​ဖြစ်ကြသည်။သိပ်မကြာခင်က သူ့ဘက်ကဖွင့်ပြောလာသည်နှင့်တွဲ ကြည့်ဖို့ခွင့်ပြုလိုက်သည်။

ယွန်းငယ်နှင့်ပေးထားသော ကတိမတည်နိုင်ခဲ့သလို သူစိတ်ဆိုးမည်စိုး၍ သူ့ကိုလဲ ဖွင့်မပြောဖြစ်ခဲ့။ ဂျောင်ကုနဲ့ကျွန်မ သမီးရည်းစားတွေဆိုပေမယ့် တစ်ဦးပေါ်တစ်ဦးပွင့်လင်းသည်။ ရိုးသားသည်။ သူ့ကိုခဏတာ ရင်ခုန်ခဲ့တာမှန်ပေမယ့် ကျွန်မစိတ်ထဲတွင်တော့ သူငယ်ချင်းတစ်ဦးသာသာ သံယောဇဥ်ပဲ ရှိနေခဲ့သည်။ သူလည်းထိုနည်းတူစွာပင်။တစ်နေ့၌ ယွန်းငယ်အိမ်က စီစဥ်ပေးသောအိမ်ထောင်ဖက်ကိုယွန်းငယ်က မတွေ့ချင်။ ကျွန်မကို အကူအညီတောင်းသည်။ ထိုသို့နှင့် ကျွန်မအကြံအတိုင်း နှစ်ယောက်သား လုပ်ဆောင်ခဲ့သည်။ 

လွန်ခဲ့သော အနှစ် နှစ်ဆယ်ခန့်က..

"ယွန်းငယ်.. နင်ကလဲ နုံတိနုံအ နဲ့ နင်အဲ့လူကိုတွေ့ရင် ကျွန်မရှင့်ကို စိတ်မဝင်စားဘူး မယူနိုင်ဘူး ကျွန်မတို့ မဖြစ်နိုင်ဘူးလို့ပြောလိုက်ပေါ့ဟာ"

𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete) Where stories live. Discover now