"ဒါဆို... နင် နင်တကယ်ပဲ"
"ဟုတ်တယ်အမ...ကျွန်တော်တောင်းဆိုပါရစေ...ကျေးဇူးပြုပြီး ကူညီပါ"
မေမေနဲ့ ဂျောင်ကုတစ်ခုခုကို အကျိတ်အနယ်ဆွေးနွေးနေကြဟန် တိုးတိုးကျိပ်ကျိပ်ပြောနေသည်။ မိုးလင်းလာတော့ ကျွန်တော်နှိုးနေကျ ကျွန်တော့်ကွက်ကီးက ဘေးမှာမရှိတော့ နဲနဲလန့်သွားမိသည်။ သို့သော်သူက အခု မေမေနှင့်စကားပြောနေခြင်း။
"ကွက်ကီးရာ..နောက်ဆို အဲ့လိုအစောကြီး ထမသွားပါနဲ့..."
မျက်လုံးတွေကို ပွတ်ကာ သန်းရင်းပြောလာသည့်ထယ်ယောင်း အသံကြားမှ စိုးဂျင်က တခုခုကို အံဆွဲထဲ ဖွက်လိုက်သည်။ ထယ်ယောင်းကလဲ မမြင်လိုက်။
"အာ...နိုးပြီလား..ကို က ဘဏ်ကဒ်လာတောင်းတာ ပြီးတော့ ထယ်လေးအစား အပြင်ထွက်ဖို့ ခွင့်တောင်းနေတာ ။ နော် အမ..ဟုတ်တယ်မလား"
"အေ..လေ ဟုတ်တယ်...သားတို့ ၂ယောက် ခရီးထွက်ချင်ထွက်ပါလား။ ဟို ခရစ်စမတ် နေ့တော့ အရောက်ပြန်လာခဲ့ပေါ့... နော် ဂျောင်ကု "
"ဟင်...မေမေ တကယ်လား"
"အင်း...တကယ်"
"ရေးးးးး...အာ..ဒါနဲ့ ဟိုဘီတို့ကရော"
"မပူပါနဲ့ သူတို့မိသားစုရယ်အမေရယ် ဒီမြို့နဲ့ မြို့ပတ်ဝန်းကျင်ကို လည်မလို့ ။ဂျွန်ဝူးပါ လိုက်ရင်ခေါ်သွားမှာ။ သားတို့နှစ်ယောက်သာ ပျော်ပျော်လည်ခဲ့"
"အာ...ငါ့မေမေက ကမ္ဘာပေါ်မှာ ချစ်ဖို့အကောင်းဆုံးပဲ....အာ...ဘွားး"
ထယ်ယောင်းက ခုန်ပေါက်ပြီး စိုးဂျင်စီပြေးလာကာ အာဘွားပေးတော့သည်။
ဂျောင်ကုကလဲ ဘေးနာက ကြည့်ရင်း ပြုံးရယ်လျက်။"ကွက်ကီး အင်္ကျီတွေ ထည့်ရအောင် လာ"
နှစ်ယောက်သား သွားဖို့လာဖို့ပြင်ဆင်ပြီးသည််နှင့် မနက်စာစားကာ ဟိုဘီတို့မိသားစုကိုနှုတ်ဆက်ပြီး ထွက်လာခဲ့ကြသည်။
ဂျောင်ကုက ဦးထုပ်စောင်း maskတပ် မျက်မှန်တပ်ပြီး မင်းသားတစ်ယောက်လိုဝတ်ဆင်ထားသည်။ မဟုတ်လျှင် သူ့ကိုတွေ့သမျှလူတိုင်း အော်ဟစ်ကာ လန့်သွားနိုင်သည်ဖြစ်၍။ အင်္ကျီရှည်ဘောင်းဘီရှည်ဝတ်ကာ တလက်မခန့်ထူသည့် ရှူးကိုစီးလျက် ထယ်ယောင်း အဝတ်အိတ်လေးကိုဆွဲပေးလေသည်။ သူ့ကျောက သူ့အင်္ကျီများထည့်ထားသည့် လွယ်အိတ်ကိုတော့ ထယ်ယောင်းကလွဲ၍မည်သူမှမမြင်။
YOU ARE READING
𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete)
Horror"သရဲဆိုတာတောင် ဂရုမစိုက်တာ ။ သူများယောက်ျားဆိုတာကို ဂရုစိုက်မယ်ထင်နေလား။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်"