Part12

2.5K 239 13
                                    

"အမနမည် လီဟန်ရှင်း ပါ။ တွေ့ရတာဝမ်းသာပါတယ် "

"ဗျာ..ကျွန်တော့်ကိုမြင်ရတယ်ပေါ့ အမက။"

ကျွန်တော် ဒီကောင်လေးနောက်က တကောက်ကောက်လိုက်သည်မှာ ဒီကောင်လေး ဒီမြို့ကိုစရောက်ကတည်းက။ သူက ကျွန်တော်သိပ်ချစ်ခဲ့ရတဲ့ ကျွန်တော့်မိန်းမ ကင်ထယ်ယွန်းနှင့်သိပ်တူနေသည့်အတွက်အမြဲလိုက်ကြည့်နေမိသည်။

ကျွန်တော် ဝိဉာဥ်တကောင်လိုနေလာခဲ့တာ ၁၆နှစ်ပြည့်တော့မည်။ ကျွန်တော့်ကို လိပ်ပြာငယ်သူ တချို့သာ ရုတ်တရက်မြင်တွေ့ကြရသည်။ အမှန်တိုင်းဆိုရလျှင် ကျွန်တော်ကိုယ်ထင်ပြမှသာ မြင်နိုင်ကျသည်။

ယခု ကား ကျွန်တော်ဘာအစွမ်းသတ္တိမှထုတ်မပြရသေးခင် မြင်နိုင်နေသည်တဲ့လား။ ကျွန်တော် သာစောစောက သိခဲ့လျှင် ယခုကဲ့သို့ အထီးကျန်ဆန်ခဲ့မည်မဟုတ်။

ပြီးတော့သူနှင့်ကျွန်တော် စိတ်ထဲက စကားပြောနေခြင်းဖြစ်သည်။ ဒီအမျိုးသမီး၏ ပါဝါက နည်းနည်းနောနောမဟုတ်ချေ။

"စိတ်မပူပါနဲ့ကောင်လေး။ မင်း ရှိနေတာ ဒီသားအမိကို မသိစေချင်ဘူးမလား။ "

"ဟုတ် မပြောပြလိုက်ပါနဲ့နော်။"

"ဟုတ်ပါပြီ ။ မင်းမှာမေးစရာတွေရှိနေပုံပဲ အိမ်လိုက်ခဲ့ပါလား"

"ဟုတ် လိုက်ခဲ့မယ် "

"လာ ကားပေါ်တက်"

"ဟင့်အင်း ဒီကောင်လေးနောက်ကပဲလိုက်မယ်"

"ဟုတ်ပါပြီကွယ် မင်း သဘောပါပဲ"

ကျွန်တော်နှင့် ထို လီဟန်ရှင်းဆိုတဲ့အမ စကားပြောနေသည်ကို မသိသော ထိုကောင်ငယ်လေးက ရှေ့ကြည့်လိုက် နောက်ကြည့်လိုက်နှင့်။ ခေါင်းတွေကုတ်ကာ ဘာကိုစဥ်းစားနေသည်မသိ။

ထိုကောင်လေးနင်းသောစက်ဘီးအနောက်တွင် တက်ထိုင်ကာ သူ့နောက်ကျောကိုကြည့်နေမိသည်။ ကျွန်တော်သိချင်တာတွေကို သိရတော့မည်ဖြစ်လို့ ရင်ထဲ၌ဝမ်းသာမဆုံး။

ဟုတ်တယ် ကျွန်တော်ပျော်တယ်ဗျ
ကျွန်တော် စကားမပြောခဲ့ရတာ ဘယ်လောက်တောင်ကြာပြီလဲ။ ဘလောက်တောင် အထီးကျန်ဆန်ပြီး ဝမ်းနည်းဖို့ကောင်းခဲ့လဲ။ ဖြစ်နိုင်ရင် မျက်ရည်ကျပြီး ငိုချလိုက်ချင်တယ်။

𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete) Where stories live. Discover now