Vရဲ့အိမ်နားမှာ ကျွန်တော်ရပ်စောင့်နေမိသည်။ ဆေးရုံအထိလိုက်မသွားပဲ Vရဲ့အိမ်ကိုသာ ကြိုပြန်လာခဲ့သည်။
အချိန်အတော်ကြာသည်အထိ ရောက်မလာ၍ အနည်းငယ်တော့စိတ်ပူနေမိသည်။ သစ်ပင်အောက်၌ ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်း Vကို တောင်းပန်ရန် စဥ်းစားလိုက်သည်။ ကျွန်တော့်အပြစ်ပဲမဟုတ်လား။
(သူမုန်းတော့ မမုန်းသွားလောက်ဘူးမလားဟင်)အိမ်ရှေ့လမ်းမပေါ်သို့တရွေ့ရွေ့နှင့်ရောက်ချလာသော ပတ်ပိုဂမ်၏ကား။ Vနှင့်သူ့အိမ်က ကပ်ရပ်မို့ ကားကို သူ့အိမ်ရှေ့၌သာရပ်လိုက်သည်။ ထိုအခါ အိမ်ထဲကပြေးထွက်လာသောကောင်လေး။ အရပ်က Vလေးနှင့်မတိမ်းမရိမ်းသာရှိသည်။ အင်္ကျီအပွလေးက ဖင်ဖုံးနေပြီ။ အောက်ကလဲဘောင်းဘီတိုလေးနှင့် ။ ဆံပင်အဝါရောင်ဖျော့ဖျော့လေးနှင့်ကလေးတယောက်လို ကဆုန်ပေါက်လျက်။ မိန်းကလေးနှင့်တူသည်ဆိုပိုမှန်မည်။ ပတ်ဘိုဂမ်ဘက်က တံကားနားထိသွားပြီး ရပ်စောင့်နေလေသည်။
ကားထဲက ပတ်ဘိုဂမ် ထွက်လာသည်နှင့် လက်မောင်းလေးကိုဆွဲကာ နားက ပတ်တီးကို လက်ကလေးနှင့်တို့ကဏန်းဆိတ်ကဏန်းလုပ်နေသည်။
"ကိုကိုရယ် ဘယ်လိုဖြစ်ရတာလဲ ကလေးစိတ်ပူလိုက်ရတာကွာ"
"ကိုကိုအဆင်ပြေပါတယ်ကလေးရ မပူပါနဲ့"
Vတစ်ယောက်ကားပေါ်ကဆင်းလာမှ ထိုကောင်လေးက Vနားပြေးသွားပြီး
"မင်းလား ငါ့ကိုကို ကို နာအောင်လုပ်တာ"
"ဗျာ...မ.မဟုတ်ရပါဘူး...ဟို
သူ့ချစ်သူအကြောင်းပြောနေရင်း အဲ့လိုထဖြစ်တာပဲ""အာ...ကိုကိုကလဲ... ဘာလို့ကလေးအကြောင်းပြောတာလဲ...မခေါ်တော့ဘူး ဟင့်"
Vတယောက် ပတ်ဘိုဂမ် ကိုကြည့်လိုက် ထိုကောင်လေးကိုကြည့်လိုက်နှင့် စပ်ဖြီးဖြီး ဖြစ်နေသည်။ ပတ်ဘိုဂမ် က ထိုကောင်လေး ခါးလေးကိုလာဖက်ပြီး
"ညီလေးကိုနှုတ်ဆက်လိုက်ပါဦး ကလေးလေးရဲ့ နောက်မှစိတ်ကောက်"
ပတ်ဘိုဂမ် ပြောကာမှ ခေါင်းလေးငြိမ့်ပြကာ"အာညော်..ကို့နမည်က ဂျွန်ဝူးပါ။ ပတ်ဂျွန်ဝူး"
"မင်္ဂလာပါ ကျွန်တော့် နမည်က Vပါ။ "
YOU ARE READING
𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete)
Horror"သရဲဆိုတာတောင် ဂရုမစိုက်တာ ။ သူများယောက်ျားဆိုတာကို ဂရုစိုက်မယ်ထင်နေလား။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်"