Part30

1.7K 172 6
                                    

အိပ်ပျော်တစ်ဝက်နိုးတစ်ဝက်နှင့် လှိုင်းသံသဲ့သဲ့ကို ကြားနေရသည်မို့ ကျွန်တော့်မျက်လုံးတွေ မဖွင့်ချင်ပဲ့ပွင့်လာခဲ့သည်။ ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးကို ထွေးပွေ့ပြီး နံရံမှာ မှီအိပ်နေတဲ့ ကွက်ကီးက ကျွန်တော့်အတွက် နတ်သားလေး။ ကျွန်တော်သူ့ပါးလေးကို ဖွဖွလေးကိုင်လိုက်တော့ ဖျက်ခနဲ ပွင့်လာသည့်မျက်စံရဲရဲလေးက ကျွန်တော့်ကိုစိုးရိမ်သလိုကြည့်နေသည်။

"နိုးပြီလား...အစောကြီးရှိသေးတယ် ပြန်အိပ်လိုက်လေ"

"တညလုံး ခုလိုနေနေတာလား...မညောင်းဘူးလား"

"ကိုက လူမှမဟုတ်တာ...သက်သာလား.. အွန်း..    ကိုယ်ပူတာကျသွားပြီ"

ပြုံးပြုံးနှင့် ပြောလာကာ အေးစက်စက်သူ့ရဲ့လက်သွယ်ဟာ ကျွန်တော့်နှဖူးနှင့်ပါးကို ထိကပ်လာသည်။ ကျွန်တော့်ရှေ့ကသူ့ကို ထပ်ပျောက်သွားမည်စိုး၍ ကျွန်တော် မမှိတ်မသုန်စိုက်ကြည့်နေမိသည်။

"ကွက်ကီး..."

"ဟင်"

"ချစ်တယ်"

ကျွန်တော့်ရင်ထဲမျာပြောချင်သည့်စကားလုံးများက ထောင်သောင်းမက မရေတွက်နိုင်အောင်ရှိသော်လည်း ထိုစကားများကိုယ်စား ချစ်တယ်ဟုသာ ပြောထွက်တော့သည်။ ကျွန်တော့်မေးလေးကို ဖွဖွကိုင်ပြီး ကျွန်တော့်နှုတ်ခမ်းကို ငုံထားသည့် သူ့နှုတ်ခမ်းအေးအေးလေးက တအားချိုလှသည်မို့ ထက်ခါထက်ခါတောင့်တမိနေတော့သည်။

"ဟဲ့...အဲ့တာဘယ်လိုဖြစ်နေတာလဲ လူဆို အဖျားတွေကူးကုန်တော့မယ်"...

"မေမေ!. .."

"အေ...အဖျားကျလား လာကြည့်တာ တော်တော် သက်သာနေပုံပဲ"

"အဟီး.."

မေမေ့က အိမ်မှာဆို တံခါးခေါက်ပြီးမှဝင်တတ်သော်လည်း ယခုလို အသံမပေးပဲဝင်လာတာ၂ခါရှိနေပြီ။ မေမေစိတ်ဆိုးနေတဲ့ပုံပေါ်သော်လည်း မည်သည့်စကားမှထက်မပြော။

"ကိုယ်ပူကျသွားပြီပဲ မနက်စာစားပြီး ပြန်ကျမလား ဒါမှမဟုတ် နားဦးမလား ခရီးက မဝေးပေမယ့် သားပင်ပန်းမှာစိုးလို့"

𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete) Where stories live. Discover now