Part14

2.2K 235 15
                                    

အိမ်ပြန်ရောက်တော့မေမေက မျက်မှန်လေးတပ်ကာ ဧည့်ခန်းထဲ၌ စာရေးနေသည်။ ကျွန်တော်ငိုထားသည်ကိုမြင်မှာစိုး၍ခေါင်းစွတ်ကိုစွတ်လိုက်ပြီး အိပ်ခန်းထဲပြေးဝင်လိုက်သည်။

"သား...ပြန်ရောက်ပြီလား"

"ဟုတ်မေမေ"

အိပ်ခန်းထဲကသာ လှမ်းအော်ပြီး မျက်နှာသစ်ရန် ရေချိုးခန်းထဲဝင်လာလိုက်သည်။ ကျွန်တော့်စိတ်ထဲလေးလံနေတာကြောင့် ခဏ လောက်အိပ်လိုက်ဦးမည်ဟုတွေးမိသည်။ မျက်နှာသစ်ပြီးတော့ ခဏလောက်မေမေနှင့်စကားပြောရန်အပြင်ပြန်ထွက်လာခဲ့သည်။

"မေမေ.."

"ဟင်"

"မေမေ ဖေဖေ့ကိုချစ်လား"

"ချစ်လို့ယူတာပေါ့" ဟုပြုံး၍သာပြန်ဖြေလာသည်။

"အချစ်ဆိုတာ ဘယ်မျိုးကြီးလဲဟင်"

"သားနားလည်အောင်ပြောရရင်
အချစ်ဆိုတာတခါတလေ ပူလောင်စေတယ်။ တခါတရံ အေးချမ်းစေတယ်။ ဖေဖေမေမေတို့ကို သားချစ်တဲ့အချစ်နဲ့
သားချစ်သူကိုချစ်တဲ့အချစ်က အများကြီးကွာခြားလိမ့်မယ်။ သားချစ်တတ်တဲ့အခါ ဒီအဖြေကိုသိပါလိမ့်မယ်"

မေမေ့အဖြေကို ကျွန်တော်နားလည်သလိုလိုရှိသည်။ အချစ်ဆိုတာဘာလဲလို့မေး လာခဲ့ရင် ကျွန်တော့ရဲ့အချစ်ကရော....

"သားက ဘာလို့မေးတာလဲ"

"သားမချစ်ဖူးတော့ သိချင်လို့မေးတာပါ"
မေမေလှည့်ကြည့်ကာမေးလာတော့ ကျွန်တော်ယောင်ယမ်းစွာ မျက်နှာကို ငုံ့ထားလိုက်သည်။ အမေဖြစ်သူကလဲ မြင်ဖြစ်အောင်မြင်သည်။

"သား..ငိုထားတာလား"

ငိုချင်ရဲ့လက်တို့ဆိုသလို မျက်ရည်က ကျလာပါတော့သည်။ (ဘယ်လိုပြောရမှာလဲ..ဘာအကြောင်းပြချက်ပေးရမှာလဲ အဓိပ္ပါယ်မရှိပဲ ငိုနေတယ်ဆိုရင်.... ငါ့ကိုရူးနေတယ်လို့ထင်တော့မှာပဲကွာ)

"ဟယ် သားလေး..ဘာလို့လဲ မေမေ့ကိုပြောစမ်း..သားလေးး.."

"သားသိချင်တာရှိသေးတယ်မေမေ။
ဥပမာနော် မေမေက လူဝင်စားပြီးမိန်းကလေးဖြစ်လာတယ်။ ဖေဖေက အသက်ရှင်ကျန်ခဲ့ပြီး မေမေ့ကိုတွေ့မယ်။ အဲ့လို တွေ့လို့ သူက မေမေ့ကို သူ့အရင်ရည်းစားနဲ့တူလို့ချစ်တာပါဆိုရင် မေမေလက်ခံနိုင်မလား"

𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete) Where stories live. Discover now