"မိန်းမက မကြောက်ဘူးလား။ နဲနဲပါးပါး လန့်တာမျိုးတောင်မတွေ့ရဘူး ။ တအားတည်ငြိမ်တာပဲ"
"တည်ငြိမ်ဆို..သားခြေလှမ်းတွေပျက်ကတည်းက ရိပ်မိနေတာ။ ဟိုတခါရှင့်ကိုပြောသားပဲ အရိပ်ဖြူဖြူကြီးက သားကိုကလိထိုးနေတာလို့။ အဲ့တည်းက ကျွန်မ သူငယ်ချင်းတချို့နဲ့ဆက်သွယ်ခဲ့တာ။ သူတို့က တစေဝတ္ထုရေးတဲ့လူတွေဆိုတော့ ဒါမျိုးသိပ်သိတာလေ။"
"အော်...ငါ့မိန်းမ ခုတလော အလုပ်ရှုပ်နေပါတယ်မှတ်တာ..ဒါ့ကြောင့်ကိုး"
"ဟုတ်တယ်... သားလေးက ပရလောကသားနဲ့ အထိအတွေ့ရှိတာသိပေမယ့် ခုလို ချစ်သူလို့မထင်ခဲ့မိဘူး။ ပြီးတော့ သူ့ချစ်သူကလဲ သူ့အတိတ်ဘဝက ယောက်ျားဆိုတာ....".
"ကံကြမ္မာက ထူးဆန်းလိုက်တာကွာ။ ရေစက်လို့ခေါ်မလား။.."
"မဟုတ်ဘူး...ဖူးစာလို့ခေါ်တယ်"
နမ်ဂျွန်းကို စိုးဂျင်က ကိုယ်တိုင်ရုံးလိုက်ပို့ရင်း ထယ်ယောင်းအကြောင်းကိုပြောနေမိသည်။ ပတ်ဘိုဂမ်နဲ့တရုံးတည်းဆိုသော်လည်း ရုံးဆင်းချိန်မတူ၍ အတူမသွားဖြစ်ပေ။
အိမ်မှာ ကျန်ခဲ့တဲ့ ဂျောင်ကုနဲ့ထယ်ယောင်းကတော့ ကလေးတွေလို ဆော့နေကြသည်။ အကြီးဖြစ်တဲ့ဂျောင်ကုကလဲ မလျှော့ပေး...အငယ်ဖြစ်တဲ့ထယ်ယောင်းကလည်း အနိုင်မခံ။
"ဓား၊ ကတ်ကြေး၊ ကျောက်တုံး"
"အဟား..လာထားလာထား"
"ရား...ကွက်ကီး..ခဗျားများနေပြီဗျာ..ဟိုဟာဆော့လဲ ခဗျားနိုင်တယ် ။ ဒီဟာဆော့လဲခဗျားနိုင်တယ်။ ခဗျား တန်ခိုးတွေပါဝါတွေ ထုတ်သုံးနေတာလားပြော..."
"ဟာ..ဖြစ်ရမယ်။ ကိုက ကလေးကို ညစ်စရာလား...ကတိက ကတိပဲ..လာ နှဖူးတောက်မယ်"
"ကျစ်...နာအောင်တောက်ရင်မခေါ်ဘူးကြည့်နေ"
"ဖောက်"
"အားးး...ကွက်ကီး! "
"ဟီး..ဟီး..နာသွားလား"
"နာတယ်..ပြန်တောက်မှာ.. လာခဲ့
ဓား ကတ်ကြေး ကျောက်တုံး......
ရား...မဟုတ်သေးဘူး...လေ""လာ..ထား"
"ဖောက်.."
"ဟမ်း...ဟမ်း...နာတယ်နော်.....နာတယ်
အေး...ကြည့်နေ...ဟိုဘက်က ကိုဂျွန်ဝူးလိုတော့ စိတ်ကောက်ပြမှာမဟုတ်ဘူး..
ခဗျား နှဖူးချိုင့်အောင် တောက်ပြမယ်...လာ!"
YOU ARE READING
𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete)
Kinh dị"သရဲဆိုတာတောင် ဂရုမစိုက်တာ ။ သူများယောက်ျားဆိုတာကို ဂရုစိုက်မယ်ထင်နေလား။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်"