"အာ...sorry အန်တီ့သူငယ်ချင်းနဲ့တူလို့။ သားပြောတုန်းက အဲ့လောက်ထိတူလိမ့်မယ်မထင်ခဲ့ဘူးလေ...ခုက သိပ်တူတာပဲ"
"လာပါ အိမ်ထဲကို ပစ္စည်းတွေချရအောင်"
ထယ်ယောင်းဘက်က ဘာမှပြောမလာ၍စိုးဂျင်က ဝင်ကာ ပြောရတော့သည်။ အိမ်ထဲသို့ပစ္စည်းများချပြီးသည်နှင့် ဧည့်ခန်း၌ စုထိုင်ဖြစ်ကြသည်။ ဂျောင်ကုက ထယ်ယောင်းအခန်းထဲ၌သာ ထိုင်နေသည်။ ကိုယ်ထင်မပြထားသည့်အတွက် ဟိုဘီလဲသူ့ကိုမတွေ့သေး။
ခဏအကြာစိုးဂျင်က ဂျောင်ကုကိုလာခေါ်သည်။
"ဂျောင်ကု...လာပါဦး"
"ကျွန်တော်ကိုယ်ထင်ပြရမှာလား"
"အင်း...ပြလိုက်ပါ"
"အဆင်ပြေပါ့မလား"
"မပူပါနဲ့...ငါတို့ရှိတာပဲ"
ဂျောင်ကု လေးကန်စွာ ခြေလှမ်းများလှမ်းလိုက်သည်။ တဖြေးဖြေးဧည့်ခန်းထဲရောက်လာသော် ဂျီမီနီ ရော မင်ယွန်ဂီ ပါ မျက်လုံးအပြူးသားနှင့်ကြည့်နေသည်။
"ဂျောင်ကု...နင်..နင်"
"အေ...နင်အခုမြင်နေရတာ လူမဟုတ်တဲ့ဂျောင်ကုပဲ ပြောစမ်းပါဦး အဲ့နေ့က ဘာစိတ်ကူးပေါက်ပြီးစာပို့တာလဲ"
"ဂျောင်ကု စိတ်လျှော့ပြီး အရင်ထိုင်ပါဦး"
ရှိုက်ငိုနေသည့်ဂျီမီနီအစား ယွန်ဂီက ဝင်ပြောသည်။ ထယ်ယောင်းဘေးကို အသာလေးဝင်ထိုင်လိုက်တော့ ဟိုဘီက တုတ်တုတ်တောင်မလှုပ်ရဲ။
"ငါ...ငါရှင်းပြမယ် ဂျောင်ကု။
အဲ့နေ့က ငါသူနဲ့ခိုးရာ လိုက်ပြေးကြတယ်။ နင်တို့နေတဲ့ မြို့လေးကို ပဲသိတာ နေတဲ့အိမ်မှ မသိတာ။ ခိုးရာလိုက်ပြေးကြတော့ ကားပေါ်မှာ လူတစ်ယောက်နဲ့စကားဆက်မိတယ် ။ နင်တို့နယ်ဘက်ကိုသွားမယ်တဲ့။
ငါလဲ နင့်ကိုပြောပြချင်တယ်လေ။ ယွန်းငယ်သိမှာလဲစိုးတာနဲ့ စာတိုလေးရေးပြီး အဲ့နမည်နဲ့လူတွေ့ရင်ပေးပေးပါလို့ပဲ ပြောလိုက်တယ်""ဘယ်လို...အဲ့တာနဲ့ နင်ကလဲ အဲ့စာတိုလေးကို လူကြုံထဲ့ပေးလိုက်တာပေါ့"
"အင်းလေဟာ ဖုန်းဆက်ရအောင်လဲ နင်တို့အိမ်မှာ အထိုင်ဖုန်းမှမရှိတာ နင့်စက်ရုံဖုန်းလဲမသိဘူး...သိခဲ့ရင်တောင် ဆက်ဖို့ အချိန်မရှိခဲ့ဘူး"
YOU ARE READING
𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete)
Horror"သရဲဆိုတာတောင် ဂရုမစိုက်တာ ။ သူများယောက်ျားဆိုတာကို ဂရုစိုက်မယ်ထင်နေလား။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်"