Part21

2.2K 207 17
                                    

"အ.အား..ဟူးး"

"စိတ်ကိုလျှော့ထားလေ"

"အွန့်...နာတယ်..ဖြေးဖြေးလုပ်"

"အင်း....."

"အ့..ဂျောင် ကု!"

"ကိုလဲ ဖြေးဖြေးလေး ထဲ့တာပါ။ ခဏပဲ ပြီးတော့မယ်။...ဟူးးး"

"အာ....မြန်မြန်လုပ်ဗျာ"

"မြန်မြန်လုပ်လို့ရတဲ့အရာမဟုတ်ဘူးလေ..."

"အားးးးဟားးးနာတယ်"

"ရုန်းရင်ပိုနာမှာနော်"

"အွန့်....ပြီး..ပြီးပြီလား"

"ဟူးး...ပြီးခါနီးပြီ ခဏ..အင်း....
ပြီးပြီ"

------

လွန်ခဲ့တဲ့နာရီဝက်ခန့်က...

"မေမေသားပြန်ရောက်ပြီ....မနက်စာဘာလုပ်ထားလဲ"

"သား..နှဖူးမှာ ဒဏ်ရာကြီးလား..ပြစမ်းမေမေ့ကို"

"အာ..ဟုတ်တယ် မှောက်လဲတာလေ တောထဲမှာ အကောင်လိုက်ဖမ်းရင်း"

"ဘာကောင်တွေ့လို့တုန်း"

"ယုန်။....ယုန်ဆိုးလေးကို လိုက်ဖမ်းတာ"

"ဖြစ်ရမယ်..မနက်စာ အမြန်လာစား။ သားဖေဖေက ရုံးတောင်သွားပြီ"

"ဟွန့် သားစက်ဘီးယူမလို့ပါဆို"

"ဘယ်သွားဦးမလို့လဲ"

"သားအင်္ကျီဝယ်ချင်လို့...မေမေ! သားကို မုန့်ဖိုးလေးပေးပါဦး နော် "

"ယူပါ ယူပါ။ သားစားပြီးအရင် မေမေအနာဆေးလူးပေးမယ်"

"ဟွန့်အွန်း..သားဘာသားလူးမှာ မေမေ ဆေးတွေသားခန်းထဲ ဒီတိုင်းထားလိုက်" ပလုတ်ပလောင်းစားကာ ပြောလာသည့် ကင်ထယ်ယောင်းက သိပ်ကိုဗိုက်ဆာနေတာ သိသာလှသည်။

"သား"

"ဝွန်..အွန်းး "

"သား..မေမေ မသိအောင်တခုခုများလုပ်နေသလား"

"ဟွန့်အွန်း လုပ်ဝူး"

စိုးဂျင်စကားကိုအာရုံမစိုက်နိုင် မနက်စာကိုသာ သရဲဝင်ပူးနေသလိုစားနေတော့သည်။ စိုးဂျင်လဲဘာမှပြောမနေပဲ အိပ်ခန်းထဲကဆေးဗူးသွားယူကာ ထယ်ယောင်းအခန်းထဲ ထားပေးလိုက်သည်။
စားပြီးသောက်ပြီးသားထယ်ယောင်းက နောက်ထပ် ပန်းကန်ဆွဲကာ အိပ်ခန်းထဲယူသွားပြန်သည်။ ထူးထူးဆန်းဆန်း ပြုမူနေတဲ့သားဖြစ်သူကို ကြည့်ပြီး ခေါင်းတခါခါ ဖြစ်နေတော့သည်။

𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete) Where stories live. Discover now