#ယနေ့ခေတ်
ကျေးငှက်များက တကျီကျီ တကျွိကျွိနှင့် သာယာသောမနက်ခင်းတစ်ခု အစပြုလေပြီ။ မေမေကတော့ ထုံးစံအတိုင်း ဖေဖေ့အတွက် မနက်စာနှင့်ထမင်းချိုင့်ပြင်နေသည်။ ဖေဖေကတော့ ရုံးသွားဖို့ ပြင်နေပြီး ကျွန်တော်ကတော့ အိပ်မှုန်စုံမွှားနှင့်နိုးလာသည်။
"ကိုနမ်ဂျွန်း..... !
ရှင် ရုံးနောက်ကျမယ်နော်။
ထမင်းချိုင့်အဆင်သင့်ဖြစ်ပြီ ။""လာပါပြီဗျ ကျွန်တော်မျိုး လဲ သွားရန်အသင့်ပါဗျ"
"ရှင်ကလဲ ရုံးဆင်းတာနောက်ကျလိုက်တာ ။ နယ်ရောက်လို့ သက်သာမလားမှတ်တယ် နယ်ရောက်မှ ပိုဆိုးနေသလိုပဲ။ "
"ဆိုးဆို.. လူမှ မရှိတာ မမရဲ့။ နယ်ဘက်က လူအင်အားနည်းတော့ ပိုလုပ်ရတာပေါ့။ ဒါပေမယ့် လစာလဲ ပိုရတယ်လေ"
"ကျုပ်တို့သားအမိနှစ်ယောက်က TVကြည့်လိုက် ဖုန်းကြည့်လိုက်နဲ့ ပျင်းလိုက်တာရှင်"
"အော်.. ကိုပြောရဦးမယ် ။ မိန်းမပျင်းရင် အရင်လို ဝတ္ထုတွေပြန်ရေးပါလား။ ကို အယ်ဒီတာ တစ်ယောက်နဲ့ ခင်တယ်။ သားကိုလဲ အပျင်းပြေ ကွန်ပျူတာ သင်တန်းလေး တက်ခိုင်းပါလား ။ မြို့ကြီးတွေမှာလောက် စျေးမကြီးဘူးရယ် "
"အင်း..ဝတ္ထုရေးဖို့တော့စဥ်းစားမိသား။ သားလေးကို မေးကြည့်ရမယ် သူတက်ချင်ရင် ရှင့်ကိုပြောမယ်လေ"
"ဟုတ်ပါပြီ ။"
မေမေနဲ့ဖေဖေစကားပြောသံကို ကြားနေရသည်။ ကျွန်တော် ဟိုအနောက်ဘက်တောကို မသွားဖြစ်တာ သရဲတွေ့ပြီးကတည်းက ၂ရက် ၃ရက်ရှိပြီ။ အိမ်မက်တွေမမက်တော့ပေမယ့် ညတိုင်း ထူးထူးဆန်းဆန်း ခံစားချက်ကြီး ခံစားနေရသည်။ အနားမှာ တယောက်ယောက်ရှိသလို၊ စိုက်ကြည့်နေသလိုလိုနှင့်။ တနေ့ကဆို ကျွန်တော့ အိပ်ခန်းပြတင်းပေါက်ဝ၌ Eat လို့ရေးထားတဲ့ ပန်းသီးတလုံးကိုတွေ့သည်။ ပန်းသီးအခွံ ရဲရဲလေးအပေါ်မှာ ဒုတ်နှင့် ခြစ်ထားသလို။ ကျွန်တော်မစားရဲပါ။ စားလိုက်မှ စနိုးဝှိုက်လို အိပ်ပျော်သွားရင် ဘယ်လိုလုပ်မလဲ။ ပထမဆုံး အနမ်းကို ထိုသရဲကောင်အား မပေးနိုင်။
![](https://img.wattpad.com/cover/277774292-288-k491416.jpg)
YOU ARE READING
𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete)
Terror"သရဲဆိုတာတောင် ဂရုမစိုက်တာ ။ သူများယောက်ျားဆိုတာကို ဂရုစိုက်မယ်ထင်နေလား။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်"