"ကွက်ကီးးးထတော့ကွာ ဒီနေ့ သွားလည်မှာပါဆို.."
"အွန်...၅မိနစ်"
"ဟာကွာ..ဘာ၅မိနစ်လဲ"
"၅မိနစ်ပဲ နဲနဲဆက်အိပ်ချင်လို့"
"မရဘူးကွာ...ထ....."
"မထဘူးကွာ.."
"အာ....မထဘူးလား...လာခဲ့.."
"ကွိကွိ..ကွိကွိ"
"အားးဟားး..ယားတယ်...ဟားးးးယားတယ်လို့..ထပြီ ထပြီ"
"ဟီးးဟီးးနောက်ဆုံတော့ ယားတတ်ခဲ့ပြီပေါ့"
"ဟင်...ဘာကြီးး?"
"ကွက်ကီး သရဲတုန်းက ယားမှမယားတာ...ထယ်ပဲ ကလိအထိုးခံခဲ့ရတာ.. ခု လက်စားချေနိုင်ပြီ...ဟားဟား"
"အော်...အဲ့လို အညှိုးကြီးနဲ့ပေါ့လေ...မနေ့ညက အခြေအနေကို မမှတ်မိသေးဘူးထင်တယ်"
"ဟာ...ကွက်ကီးနော်...တော်ပြီ... ထယ်ရေချိုးတော့မယ်"
"ခဏလေး.....
၅မိနစ်ပဲ...ကို့ရင်ခွင်ထဲ ခဏလေး နေပေး...""ဟာ..၅မိနစ်ပဲနေခိုင်းတာပေါ့"
"မဟုတ်ဘူးအခုကိုပြောတာ...တသက်လုံးနေရမှာ...စိတ်ချ အခုလောလောဆယ် ရေမချိုးခင် ၅မိနစ်လောက်ဖက်ထားချင်လို့"
"ဟင့်...ငပျင်းလေး...သူမထချင်တိုင်း"
လက်ဆန့်ကာ ရင်ခွင်ထဲ လာဖို့ ဂျီကျနေတဲ့ ခရစ်ရဲ့ရင်ခွင်ထဲကို ထယ်ယောင်းကလဲ အလိုက်သိစွာ တိုးဝင်ပြီးဖက်ထားလိုက်သည်။ အရင်လိုရင်ခွင်အေးအေးလေးမဟုတ်တော့ပဲ နွေးထွေးသည့်ခံစားချက်ကို ထယ်ယောင်း သဘောကျမိပါသည်။ သူအခုချိန်မှာ ရင်ကွဲပက်လက်နဲ့စောင့်ခဲ့ရတဲ့ ရက်တွေက အိမ်မက်ကဲ့သို့ မြူမှုန်တွေအဖြစ်ပျောက်ကွယ်သွားခဲ့သည်။
"ကွက်ကီး...."
"ဗျာ..."
"ထယ့်ကို အရင်လိုချစ်သေးရဲ့လားဟင်"
"အရင်ကထက်ပိုချစ်တာပေါ့ကွာ...သေလောက်အောင်အရူးအမူးချစ်တာ"
"ဟာ...မသေရဘူး ဘာတွေလျှောက်ပြောနေတာလဲ...ငိုမှာနော်"
"အာ...မသေပါဘူး...မဟုတ်ဘူးလေ ကိုပြောချင်တာ ကို့အသက်ထက်ပိုချစ်တယ်လို့။ ထယ်လေးကို ချစ်လွန်းလို့သေတောင်သေသွားနိုင်တယ်လို့...မသေဘူး စိတ်ချ...ထယ်သေမှ ကိုလိုက်သေမှာ"
YOU ARE READING
𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete)
Horror"သရဲဆိုတာတောင် ဂရုမစိုက်တာ ။ သူများယောက်ျားဆိုတာကို ဂရုစိုက်မယ်ထင်နေလား။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်"