Part19

2K 218 13
                                    

"ကိုနမ်ဂျွန်း ညက ရှင့်သားလေ တယောက်ထဲ ရယ်နေတာသိလား။ ကျွန်မ တရေးနိုးရေထသောက်တော့ တယောက်ယောက်နဲ့ဆော့နေသလိုရယ်နေလိုက်တာဆိုတာ။အစကဖုန်းပြောနေတယ်ထင်တာ။ ကျွန်မလဲသိချင်လို့ အပြင်ထွက်ပြီး သူ့ပြတင်းပေါက်က ချောင်းကြည့်တော့ လိုက်ကာကြားက ဝိုးတိုးဝါးတားပဲမြင်ရတယ်။ အိပ်ချင်မူးတူးမို့လားဘာလား သေချာမသိပေမယ့် အရိပ်ဖြူဖြူကြီးက သားကို ကလိထိုးနေသလိုကြီး။ ကျွန်မလဲရုတ်တရက် ကြက်သီးမွှေးညင်းတွေထလာတာနဲ့ ပြန်ထွက်လာရတယ်။ ကိုနမ်ဂျွန်း ကျွန်မ ထင်တာမမှားရင် သားက သရဲနဲ့ သူငယ်ချင်းဖြစ်နေတာပဲနေမယ်"

"မိန်းမရာ မျက်စိပါဝါသာစစ်လိုက်ပါ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကိုတို့ကလေးက သူငယ်ချင်းတောင် hobiလေးတယောက်ထဲရှိတာ သရဲနဲ့ သူငယ်ချင်းတဲ့...မိန်းမ စာရေးတာ များသွားလို့ပဲနေမယ်"

"ကျွန်မကိုရူးနေတယ်လို့ပြောချင်တာလားကိုနမ်ဂျွန်း"

"မဟုတ်ပါဘူးကွာ"

"ရှင်က ရုံးအလုပ်ပဲလုပ်နေတော့ဒါမျိုး ဗဟုသုတက ရှိတာမဟုတ်ဘူး။ ကျွန်မကစာရေးနေရတဲ့လူဆိုတော့ ဗဟုသုတက ရှင့်ထက်ပိုစုံတယ်။ သေချာတယ် သားမှာ ကျွန်မတို့မသိတဲ့ အခြေအနေတစ်ခုခုရှိပုံပဲ"

ကင်နမ်ဂျွန်းတစ်ယောက် ခေါင်းသာ ယဲ့ယဲ့ခါရင်း ဖုန်းကြည့်နေလိုက်တော့သည်။ကင်စိုးဂျင်တယောက်ကတော့ အတွေးများနှင်း ကားမောင်းလျက်။

---

"Cooky!  Cooky! ဂျောင်ကု သတိထားပါဦး။ သတိထားပါဦး ဂျောင်ကုရဲ့။ ကျွန်တော်ရှိတယ်လေ။ကျွတ် ကျွတ်ကျွတ်....သက်သာသွားမှာပါ...နော်.. စိတ်လျော့...စိတ်လျော့... သက်သာသွားမှာ"

"အားးးးနာတယ်...အားးးး"

"ကျွန်တော် ဘာလုပ်ပေးရမလဲ ပြောပါ။ ဂျောင်ကု သတိထားပါဦးလို့ဆို"

ကြမ်းပြင်မှာသွေးတွေနဲ့လူးလှိမ့်နေတဲ့ဂျောင်ကုကိုပြေးပွေ့လိုက်သော်လည်း သူ့ခဗျာ မငြိမ်သက်နိုင် ခေါင်းကဆံပင်တွေကျွတ်ထွက်မတက်ဆွဲဆုတ်ပြီး အော်နေရှာသည်။ ပါးလေးကို ဖွဖွရိုက်ပြီးသတိပေးနေသော်လည်း ​မျက်လုံးပွင့်တချက်မပွင့်တချက်နှင့် လည်ပင်းကြောများထောင်သည်အထိသာအော်နေသည်။

𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete) Where stories live. Discover now