"အော်...ဧည့်သည်တွေရောက်ပြီလား"
"ဟုတ်တယ် ဒါ အမအမျိုးသားလေ ကင်နမ်ဂျွန်းတဲ့"
"မင်္ဂလာပါ... ဟာ..ကို..ကိုဂါးဂါး"
"ဟား...မောင်ဖျက်စီး"
"ဟားဟား...အကိုရာ မထင်ထားဘူး ခုလို တွေ့မယ်လို့"
"အေ့လေကွာ အထက်တန်းရောက်တော့ ငါကျောင်းပြောင်းသွားတာနဲ့ ငါတို့ဝေးသွားတာနော်"
"ဟုတ်ပါ့ဗျာ.."
"ကိုကိုတို့က သိနေတာလား.."
ဂျီမီနီ စကားကို ယွန်ဂီက ခေါင်းငြိမ့်ပြကာ"ဟုတ်တယ် သူပေါ့ အသက်မပြည့်သေးပဲကျောင်းတတ်တာလေ။ သူ့အရပ်နဲ့ ဆိုဒ်နဲ့ ငယ်မှန်းလဲ မသိကြဘူး။ ဒီကောင်တအား ဉာဏ်ကောင်းတာ ။ ကိုတို့မနည်းဖြေရတဲ့စာမေးပွဲဆိုသူအမှတ်အများကြီးရတာ..."
"အကိုကလဲ မြှောက်ပြီဗျာ။ အကိုလဲ ခုထိ အချိန်ပြည့်အိပ်တုန်းပဲလား"
"ဟာ ဒါပေါ့မင်းကလဲ အားတိုင်းအိပ်တာ..ဟားဟား"
စိုးဂျင်က နမ်ဂျွန်း ၏ ထမင်းဗူးလေးယူကာ မီးဖိုခန်းထဲ ဝင်လာပြီး ညစာ ချက်လေသည်။ ယွန်ဂီနှင့် နမ်ဂျွန်းကတော့ မတွေ့တာကြာ၍ စကားများဖောင်ဖွဲ့ကာပြောကောင်းတုန်း။ ဂျီမီနီ ကပါ စိုးဂျင်နားရောက်လာပြီးညစာ ဝိုင်းချက်နေသည်။ ဟိုဘီ ဂျောင်ကုနှင့် ထယ်ယောင်းက အခန်းထဲ၌ ဆော့နေကြသည်။
"မင်းတို့ ၂ယောက် ငါတယောက်မညစ်နဲ့ကွာ"
"မင်းအညစ်မခံချင်ရင် ငါသရဲတကောင်ခေါ်လိုက်ရမလား ကွက်ကီးသူငယ်ချင်းတွေရှိတယ်"
"ဟာ မလုပ်နဲ့ မလုပ်နဲ့ ရတယ် တယောက်ထဲ နိုင်အောင်ဆော့ပြမယ်"
ဂျောင်ကုက ထယ်ယောင်းက တဖွဲ့ ဟိုဘီက တယောက်ထဲ တဖွဲ့လုပ်ကာ ပိုကာဆော့နေခြင်း။ ဖဲချပ်များနှင့်တော့မဟုတ် iron man ,super man , spiderman စသည့် အရုပ်များပါသည့် စက္ကူကတ်ထူလေးများနှင့်။
"ဒါနဲ့ ညကျဘယ်လိုအိပ်မှာလဲ"
ဂျောင်ကုအမေးကို အာရုံမစိုက်နိုင်ပဲ လွယ်လွယ်သာဖြေလိုက်သည့် ထယ်ယောင်းအဖြေက
YOU ARE READING
𝑺𝒕𝒊𝒍𝒍 𝑾𝒊𝒕𝒉 𝒀𝒐𝒖 (Complete)
Horror"သရဲဆိုတာတောင် ဂရုမစိုက်တာ ။ သူများယောက်ျားဆိုတာကို ဂရုစိုက်မယ်ထင်နေလား။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်"