Episode 1

8.9K 315 3
                                    

Unicode

ရုံးခန်းထဲမှာပဲ Laptop တစ်လုံးနှင့် နှစ်နာရီနီးပါး အချိန်ကုန်လိုက်ရတာကြောင့် အညောင်းပြေ၊အညာပြေ လမ်းလည်းဆင်းလျှောက်ရင်း၊ မီးဖိုဆောင်ထဲလည်း ဝင်checkရင်း စက်ရုံအောက်ထပ်ဆီ ဆင်းလာလိုက်တာ မျက်စိထဲ အမြင်မတော်တာက တည့်တည့်ရောက်လာသည်။

မီးဖိုဆောင်ဝမှာ မတ်တပ်ရပ်လျက်သားက သူ  အသံကျယ်ကျယ်ဖြင့် လှမ်းဟောက်လိုက်၏။

" ဟေ့..ဟိုမိန်းကလေး။အဝတ်အစား မြန်မြန်ပြန်တက်လဲစမ်း။ ပြီးရင် အပေါ်ထပ် ရုံးခန်းထဲလာခဲ့။
စည်းကမ်းထိန်းသိမ်းရေး စာအုပ်မှာ လက်မှတ်ထိုးရမယ် "

ယခုခေတ်အခေါ် ခြောက်လက်မဘောင်းဘီအတိုလေးနှင့် မီးဖိုဆောင်မှာ ကြက်သွန်ထိုင်နွှာနေသည့်မိန်းကလေး။သူ့တူမလောက် အရွယ်လေးပဲရှိဦးမည်။ဒီလောက် စည်းကမ်းboardမှာ ကန့်သတ်ချက်အချက်အလက်တွေကို  သေချာရေးထားပါလျက် တမင်မမြင်ချင်ယောင်ပဲ ဆောင်ထားကြသလား။

" ခင်ခင်ကတော့ မဲပေါက်ပြီဟေ့ "

" ဒီလောက်လေးဝတ်တာကို ဘာဖြစ်မှာလဲဟယ်။သူကိုက သက်သက် လိုက်ဇီဇာကြောင်နေတာ။အဲ့ဒါကြောင့်လဲလူပျိုကြီး ဖြစ်နေတာလေ "

ပြောပြီးတာနှင့် ချက်ချင်းလှည့်ထွက်သွားတာကြောင့် အနောက်ကနေ တွတ်ထိုးကာ ကျန်ခဲ့သည့် မိန်းကလေးအုပ်စု၏ အတင်းအဖျင်း စကားတွေကိုတော့ သူ မကြားလိုက်။

ထို မိန်းကလေးတွေကလည်း မကြားလောက်၍ ပြောရဲခြင်းသာဖြစ်သည်။အတင်းသာ တုတ်နေပေမဲ့ ရုပ်တည်ကြီးနှင့် တွေ့တဲ့နေရာ အချိုးမပြေရင် မပြေသလို အော်ဆူတတ်သည့် မန်နေဂျာကို သူတို့ တကယ် ကြောက်ကြပါသည်။

.......

အလုပ်စားပွဲရှေ့မှာ မျက်နှာငယ်လေးနှင့် လာရပ်နေတဲ့ ကလေးမလေးကို ကရုဏာတော့သက်မိပေမဲ့ တမင်မျက်နှာတင်းထားပစ်လိုက်သည်။အဆူခံရမယ် ဆိုတာတော့ ကြိုသိနေပုံပင်။

" အလုပ်အချိန်အတွင်း အင်္ကျီလည်ဟိုက်တွေ၊အတိုအပြတ်တွေမဝတ်ဖို့ စည်းကမ်းboardမှာ စာလုံးအကြီးကြီးနဲ့ ရေးပြထားတာ မြင်ပြီးပြီမလား "

မြတ်နိုးချစ်Where stories live. Discover now