Episode 10

2.2K 173 2
                                    

Unicode

" သူဇာ တောင်းပန်ပါတယ် ကိုမိုး။အကုန်လုံး ရှေ့မှာ သိက္ခာကျစေမိသလို ဖြစ်သွားလို့ ထပ်တောင်းပန်ပါတယ်။သူဇာ တကယ် မရည်ရွယ်ပါဘူး "

မျက်နှာလေးကိုငုံ့ထားကာ ရှေ့မှာရပ်ပြီး တောင်းပန်စကားကိုပဲ ထပ်တလဲလဲ ဆိုနေသော သူဇာလှိုင်။အကုန်လုံးထွက်သွားကြတော့ hall ခန်းထဲမှာ သူဇာလှိုင်နှင့် ဇေယျစိုင်းသာ ကျန်ခဲ့သည်။

ကိုယ့်ကြောင့် စကားတွေနဲ့ နစ်နစ်နာနာ အပြောခံခဲ့ရသော မိန်းကလေးက ကိုယ့်ကို ပြန်တောင်းပန်နေရတာ မဟုတ်သေးပါဘူး။

" တောင်းပန်စရာမလိုဘူး သူဇာလှိုင်။တစ်ခါတည်း အရှုပ်တွေ ရှင်းပြီးသား ဖြစ်သွားလို့ ကျေးဇူးတောင်တင်ရမှာ။ဒါပေမဲ့ နောက်ဆိုရင်တော့ ကိုယ့်ဘက်ကလည်း ဆင်ခြင်သင့်တာဆင်ခြင် "

ပိုပိုသာသာ ချီးကျူးသည့် စကားတွေလဲ ပြောချင်ပေမဲ့ မပြောရဲ။ငါလုပ်သမျှ မှန်တယ်ဆိုပြီး ကန်းတတ်လာမှာလည်း စိုးရိမ်ရသေးသည်။

" ဟုတ်ကဲ့ပါ ကိုမိုး။သူဇာ ဆင်ခြင်ပါ့မယ် "

" သွားနားတော့..နောက်ပြီး အပေါ်ထပ်က မိန်းကလေးတွေအကုန် နင့်ဆီအပ်တယ်။နင်ပဲ တာဝန်ဆက်ယူပေး "

အရင်ကတည်းက သူဇာလှိုင်ကို ဒီကိစ္စက တာဝန်ပေးထားပြီးသားဖြစ်သည်။အခုတမင် နောက်တစ်ခေါက် ထပ်ပြောတာကလည်း မနေ့ညက ရန်ဖြစ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စိတ်မခုဘူးဆိုတဲ့အကြောင်းကို တစ်ဖက်လှည့်ဖြင့် ပြောလိုက်ခြင်းသာ ဖြစ်သည်။

သူဇာလှိုင်က သူ့စကားရဲ့ဆိုလိုရင်းကို သဘောပေါက်သွားပုံရ၏။ဒီတော့မှ သူဇာလှိုင်ရဲ့မျက်နှာက ချက်ချင်းဝင်းတက်လာကာ ပါးစပ်ကလည်း ဟုတ်ကဲ့ ပြောပြီး ခေါင်းကိုလည်း အဆက်မပြတ်ညိတ်ပြသည်။

" သူဇာက ထပ်အဆူခံရဦးမယ် ထင်ထားတာ။မဆူတော့လို့ ကျေးဇူးပဲနော် ကိုမိုး...အချိန်ရှိခိုက် အခန်းပြန်နားလိုက်ဦးမယ် ဟီးဟီး "

သူဇာလှိုင်က ပြောပြီးတာနဲ့ လှစ်ခနဲထွက်သွားသည်။မိုးည ကိုယ်တိုင်လည်း အစက ဆူဖို့အစီအစဥ်ရှိပေမဲ့ ဒီကို ရောက်တော့ ဇေယျစိုင်းကပါ အ​ကြောင်းစုံ ထပ်ရှင်းပြလာတာကြောင့် မဆူဖြစ်တော့။

မြတ်နိုးချစ်Where stories live. Discover now